ဂွ ဒီဇင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးအတွက် ဧည့်စာရင်း စစ်ဆေးဆောင်ရွက် ခြင်းကိုစဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည ၉ နာရီက ပူးပေါင်းရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရ သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာ၌ နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကင်းရုံးရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းရေးအဖွဲ့သည် ကင်းရုံးရပ် ကွက်၊ ငွေသောင်ယံလမ်းအတွင်းရှိ အိမ်ထောင်စု(၁၀)စုမှ ကျား(၁၅)ဦး၊ မ(၂၀)ဦး၊ စုစုပေါင်း(၃၅)ဦးတို့အား ဧည့်စာရင်း စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ ထူးခြားမှုတစ်စုံတရာ မရှိခဲ့ကြောင်း သတင်းရရှိသည်။
ရွှေရည်ဝင်းကျော်