ရန်ကင်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြည်သူများ လက်ဝယ်အရောက်ပေးအပ်

ရန်ကင်း ဒီဇင်ဘာ ၂၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန မြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသား စိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူ များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအားရပ်ကွက်များအရောက် ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး၌ ဆောင်ရွက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြည်သူများလက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။

တိုင်းရင်းသားတိုင်း၊ နိုင်ငံသား ဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများရရှိ ရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ ရပ်ကွက်များအရောက် ကွင်းဆင်း ဆောင်ရွက် ပေးခြင်းဖြစ်ပြီး အိမ်ထောင်စုများမှ ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက်ပေးခြင်း၊ ဖြစ်ပြီးဆောင်ရွက်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား(၄၇)ကတ်အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ လဝကမြို့နယ် ဦးစီးမှူး ဦးသိန်းမောင်၊ နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပြည်သူများလက်ဝယ် အရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။ ထို့နောက် မှတ်ပုံတင်လာရောက်လျောက်ထားသူ ပြည်သူ( ၂၁) ဦးအား အသစ်ထပ်မံပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

လှလှထွေး(ပြန်/ဆက်)