ရန်ကုန် ဒီဇင်ဘာ၂၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်ရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ အ.မ.က(၆) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်နှင့် ဆရာမများပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတများ ရရှိစေရန်နှင့် ဉာဏ်ရည်ပိုမို ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် ကဗျာရွတ်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယေန့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (ဗိုလ်တထောင်မြို့နယ်)၊ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သိန်းသိန်းယဥ်က ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲများယှဥ်ပြိုင်ရာ အ.မ.က(၆) ကျောင်းမှကျောင်းသား၊ ကျောင်းသူများက ကဗျာရွတ်ပြိုင်ပွဲ တွင်(၄)ဦးနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲတွင် (၆)ဦးတို့ အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲ အသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မေနှင်း(ဗိုလ်တထောင်)