Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်
Dec 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ အ.ထ.က(၁)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်း ဆောင်ရွက်ပေးအပ်
Dec 26,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြင်ဦးလွင်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ( ၁၀:၃၀) နာရီက ရပ်ကွက်ကြီး ( ၈ ) ရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ
Dec 25,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာမှုမရှိစေရေး အသိပညာပေးခြင်းများကို ယမန်နေ့က ဂွ-ငါးသိုင်းချောင်း မီးပွိုင့်လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးအတွက် ဧည့်စာရင်းစစ်ဆေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ
Dec 25,2021
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးအတွက် ဧည့်စာရင်း စစ်ဆေးဆောင်ရွက် ခြင်းကိုစဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည ၉ နာရီက ပူးပေါင်းရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရ သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဉီးလွင်ဘူတာမှ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ရှိ ကမ္ဘာကျော်ဂုတ်ထိပ်တံတားဘူတာသို့ လေ့လာအပန်းဖြေ ခရီးစဉ်ဖွင့်ပွဲ ကျင်းပ
Dec 25,2021
ခရီးသွားလေ့လာရေးပြည်သူများနှင့် ဒေသခံပြည်သူများ ရှမ်းပြည်နယ် (မြောင်ပိုင်း)၊ နောင်ချိုမြို့နယ်နှင့် ကျောက်မဲ မြို့နယ်ကြား၊ မန္တလေး - လားရှိုး မီးရထားလမ်းပေါ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားသို့ လေ့လာအပန်းဖြေနိုင်ရန် အတွက် နေ့ချင်းပြန်ခရီးစဉ် ဖွင့်ပွဲကို ယနေ့ နံနက် (၈) နာရီခွဲက ပြင်ဉီးလွင်ဘူတာ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ လေ့လာရေးခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ တက်ရောက် သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင် ကျေးလက်ဒေသ စက်ဘီးစီး ခရီးစဉ် ၂၀၂၁ ဖွင့်ပွဲ ကျင်းပ
Dec 25,2021
မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ၊ ခရီးစဉ် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသများ၏ စိတ်ဝင်စား ဖွယ် ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ ၊ ပတ်ဝန်းကျင်ရေမြေတောတောင် သဘာဝရှုခင်းများတွင် အပန်းဖြေ လေ့လာခြင်းများကိုခရီးသွားများ ပိုမိုစိတ်ဝင်တစားလာရောက် လည်ပတ်စေရန်အတွက် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလှုပ်ရှားမှုတစ်ရပ်အဖြစ် ရည်ရွယ်ကာ ပြင်ဦးလွင် ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ် ၂၀၂၁ ဖွင့်ပွဲကို ယနေ့နံနက် (၇း၃၀) နာရီက ခရိုင်ပြည်သူ့ အားကစားကွင်း အတွင်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် စက်ဘီးစီး ဝါသနာရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံ၌ ဒီဇင်ဘာလအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ဆောင်ရွက်
Dec 25,2021
ကရင်ပြည်နယ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၆ နာရီခန့်က ဘားအံမြို့ သီရိလမ်း၊ ဝန်ကြီးများအိမ်ရာရှေ့၌ စုရပ်ပြုလုပ်၍ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘားအံတက္ကသိုလ်နှင့် ဘားအံပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ ဆရာမများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ ပူးပေါင်းပါဝင်ဆင်နွဲခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ(၆၉၉)ဦးရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်သူ(၅၉၃)ဦးရှိကြောင်း သိရှိရ
Dec 25,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ဒီဇင်ဘာ (၂၅) ရက် နံနက်(၁၀)နာရီအချိန်ထိ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ(၆၉၉)ဦးရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ပြန်လည် ဆင်းခွင့်ရရှိသူ(၅၉၃)ဦးရှိပြီး ဆေးဝါးကုသမှု ခံယူနေသူတစ်ဦးမျှမရှိကြောင်း ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23563
Page
23564
Page
23565
Page
23566
Current page
23567
Page
23568
Page
23569
Page
23570
Page
23571
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department