သံဖြူဇရပ် ဒီဇင်ဘာ၂၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပ သည့် အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်ရေးဖြေစာမေးပွဲကို မြို့တော်ဦးပရိယတ္တိစာသင် တိုက်၌ ယမန်နေ့နေ့လယ်ပိုင်းက စတင်ဖြေဆိုကြောင်းသိရသည်။
အဆိုပါစာမေးပွဲဖြေဆိုရာတွင် မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးတော် ဆောင်ဆရာတော်များက ကြီးကြပ်ပေးပြီး၊ မြို့နယ်သာသနာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ စာမေးပွဲကျင်းပရေးကော်မတီဝင်များနှင့် အလှူရှင်များမှ ပံ့ပိုး ကူညီဆောင်ရွက်ပေးသည်။
အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲဖြေဆိုရာတွင် အဘိဓမ္မာပထမအဆင့်၊ ဒုတိယ အဆင့်၊ တတိယအဆင့် ဖြေဆိုသူများနှင့် ဝိသုဒ္ဓိမဂ်သို့ ဖြေဆိုသူ စုစုပေါင်း လူပုဂ္ဂိုလ်(၄၇)ဦး ဝင်ရောက်ဖြေဆိုကြပြီး၊ စာမေးပွဲကို ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
အေးအေးမွန်(ပြန်/ဆက်)