မင်္ဂလာဒုံ ဒီဇင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ အ.ထ.က(၁)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(၁)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းသား
၊ကျောင်းသူများနှင့် လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်၍ ပျော်ရွှင်စေရန်၊ အစုအဖွဲ့လိုက် ပေါင်းသင်းဆက်ဆံ ဆောင်ရွက်တတ်သည့် အလေ့ကျင့်ကောင်းများ ရ ရှိစေရန်၊ အားကစားကို ငယ်စဥ်ထဲက လေ့လာလိုက်စားတတ်ပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွန်းလာစေရန်နှင့်ကျောင်းနေပျော်ရွှင်စေရန်အတွက် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက်အဖွဲ့များခွဲကာထုပ်ဆီးတိုးခြင်း၊ မီတာ၁၀၀ အပြေးပြိုင်စေခြင်း၊ အာလူးကောက်ခြင်း၊ ဘောလုံးကန်ခြင်းစသည်တို့ဖြင့် ကျောင်းသား၊ ကျောင်းသူများကို ပါဝင်ယှဥ်ပြိုင်စေပြီးပြိုင်ပွဲတွင် ဆုရရှိသူများကို ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသားမိဘများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။သန္တာ