ပြင်ဦးလွင်မြို့တွင်  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်း ဆောင်ရွက်ပေးအပ်  

ပြင်ဦးလွင်  ဒီဇင်ဘာ ၂၆   


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  ပြင်ဦးလွင်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးအပ်ခြင်းကို  ယမန်နေ့ နံနက် ( ၁၀:၃၀) နာရီက ရပ်ကွက်ကြီး ( ၈ ) ရှိ  ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  မြို့နယ်ဦးစီးမှူးရုံးမှ  နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ မှုလအခွင့်အရေးနှင့် လူမှုစီးပွားဘဝပြည့်စုံမှု ရှိစေရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူ  အသက် ( ၁၆ ) နှစ်နှင့် (၁၈ ) နှစ်အကြား၊ အသက် ( ၁၈ )နှစ် အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ကြိမ်တစ်ခါမှ ကိုင်ဆောင်ခဲ့ဘူးခြင်း မရှိသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများကို မိမိဝန်ကြီးဌာန၏ ဥပဒေ၊  နည်းဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပန်းခင်းစီမံချက်ဖြင့် (၃- ၅- ၂၀၂၁) ရက်နေ့မှ   ( ၃ - ၁၁ -၂၀၂၂ )   ရက်နေ့အထိ  စီမံချက်ကာလ သတ်မှတ်ဆောင်ရွက်ပေး လျက်ရှိပါသည်။

ယခုအခါတွင် ပြင်ဦးလွင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ  ဝန်ထမ်းများက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ  ရပ်ကွက်ကြီး  ( ၈ ) ရှိ ပြည်သူ (၇၀) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ  အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည် ။

ခရိုင်