အမြို့မြို့အနယ်နယ်သတင်းများ

Dec 26,2021
ကရင်ပြည်နယ် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြည်သူများအနေဖြင့်  အလွယ်တကူ ဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက (၁၀၁)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး နံရံကပ်စာစောင်းများကို ပြသဆောင်ရွက်ထားရှိသည်။
Dec 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်စည်ပင်သာယာ မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Dec 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင်၊ ပြင်စလူမြို့ တွင် အသက်(၁၈)နှစ်နှင့် အထက် ရဟန်းသံဃာတော်များ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ယနေ့  နံနက် (၁၀)နာရီ အချိန်မှ စတင်၍   ဒုတိယအကြိမ်၊ ဒုတိယနေ့၌ ဆေးထိုးစုရပ်ဖြစ်သည့်  ပြင်စလူမြို့ ၊အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမတွင်ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
Dec 26,2021
ကရင်ပြည်နယ် ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမတွင် ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက် (၈:၀၀)က ကျင်းပပြုလုပ်ခဲ့သည်။
Dec 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် စာအုပ်ပြပွဲနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်များကို ယမန်နေ့ နေ့လည်ပိုင်းက ပြသခဲ့ကြောင်း သိရသည်။ 
Dec 26,2021
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (သရက်)ကျောင်း၌ ကျောင်းပြန်လည်ဖွံ့လှစ်နိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ခရိုင်စီမံ အုပ်ချုပ်ရေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊နှင့် ဝန်ထမ်းများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(သရက်) ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ စုပေါင်း၍ ယမန်နေ့ နံနက်(၇)နာရီတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 26,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် ဘောလုံး အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် District Sports Development Program အစီအစဉ်ဖြင့် မြိတ်ခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား အသက် (၁၇)နှစ်အောက် ကလပ်ပေါင်းစုံ Small Game (ဂိုးလတ်)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ပွဲကို ဒီဇင်ဘာ(၂၅)ရက် ညနေပိုင်းက မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။
Dec 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူညီရေး အသင်းသို့ ယမန်နေ့ နံနက်ပိုင်းတွင် အလှူငွေနှင့် နေ့လယ်စာ ထမင်းအာဟာရများကို အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြောင်း သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းထံမှ သိရသည်။