Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရမ်းဗြဲမြို့၌ ပဉ္စမအကြိမ်မြောက် နိဗ္ဗာန်ဈေးပွဲတော်ကျင်းပ
Dec 26,2021
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကင်းတဲရပ်ရှိ ရှေးဟောင်းသမိုင်းဝင် မင်းတရားဖူးစေတီတော်မြတ် ဘက်စုံတည်ဆောက်ပြုပြင်နိုင် ရန်ရည်ရွယ်လျက် ယမန်နေ့ ညနေပိုင်းအချိန်မှ စတင်ပြီးပဉ္စမအကြိမ်မြောက် နိဗ္ဗာန်ဈေးပွဲတော်ကို ကျင်းပကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဂံမြို့သစ်ဈေးကြီး မီးဘေးလုံခြုံရေး စစ်ဆေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်
Dec 26,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံနယ်မြေရှိ မြို့နယ်စီပင်သာယာရေးအဖွဲ့ပိုင် ပုဂံမြို့သစ်ဈေးကြီး မီးဘေးလုံခြုံရေးအတွက် ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင် ဦးဆောင်သော ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဂံနယ်မြေမီးသတ်စခန်းတာဝန်ခံ ဦးဥက္ကာ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ပုဂံမြို့သစ်ဈေးကြီးအတွင်း လျှပ်စစ်မီးသုံးစွဲမှု အခြေအနေများ၊ ဈေးဆိုင်ခန်းများလိုက် မီးသတ်ဆေးဗူး ချိတ်ဆွဲထားရှိမှု အခြေအနေများ၊ ရေရရှိရေးစီစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အသင့်တပ်ဆင်ထားသော မဏိစည်သူ ဈေးပိုင် အပေါ့စားမီးသတ်စက်များ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိနှင့် စွမ်းအားပြည့် အသုံးပြုနိုင်မှု ရှိ/မရှိ၊ အခြေအနေများ၊ မီးသတ်ယာဉ် ဝင်ထွက်သွားလာနိုင်မှု အခြေအနေများနှင့် မီးသတ် ရေတိုင်ငုတ်များ ထားရှိမှုအခြေအနေတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦနန်းတင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်မြင့်နှင့် စည်ပင်သာယာရေး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးအောင်မင်းနှင့် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ၈နာရီချိန်က လှည့်လည်စစ်ဆေး၍ လိုအပ်သည်များ အကြံပြုဆွေးနွေးသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးဈေးကွက်သို့ ခရမ်းချဉ်သီးအသစ်များ စတင်ဝင်ရောက်သော်လည်း ဈေးပြန်ကျခြင်းမရှိသေး
Dec 26,2021
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ ဈေးကွက်အတွင်း ခရမ်းချဉ်သီးအသစ်များ စတင်ဝင်ရောက် နေသော်လည်း ဈေးပြန်လည်ကျခြင်းမရှိသေးကြောင်း အမှတ် ( ၄ ) ပွဲရုံပိုင်ရှင် မလဲ့ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂုဏ်ယူဖွယ်ရာ မြန်မာအမျိုးသမီးတို့၏ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများ
Dec 26,2021
မြန်မာတို့သည် ယဉ်ကျေးမှုအစဉ်အလာ ကြီးမားသော လူမျိုးများဖြစ်ကြသည်။ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် နေထိုင်ခဲ့ကြသည့် အားလျှော်စွာ မြန်မာ့ရိုးရာယဉ်ကျေးမှုများ ဓလေ့စရိုက်များကို သိရှိပြီး တိုင်းတစ်ပါး ယဉ်ကျေးမှုများကို အထင်မကြီးဘဲ မိမိလူမျိုး မိမိတို့၏ကိုယ်ပိုင် ယဉ်ကျေးမှုများကို ထိန်းသိမ်း ကာကွယ်လိုစိတ်များ ရှိကြပေသည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Dec 26,2021
မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်ကြတဲ့ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးရရှိစေရန်နှင့် နိုင်ငံသား အရည်အချင်းပြည့်မှီသူများအတွက် ရည်ရွယ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရလူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူ၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ၂၀၂၁ခုနှစ် မေလ(၃)ရက်နေ့မှ ၂၀၂၂-ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Dec 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံ၊ ရင်ပြင်တော်၊ အလယ်ပစ္စယံနှင့် အောက်ပစ္စယံတို့တွင် ယမန်နေ့နံနက် (၇:၀၀) နာရီ အချိန်က ဝန်ထမ်းများနှင့် လူမှုရေး အသင်းအဖွဲ့များဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ ကိုဗစ်.-၁၉ ကာလနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းစဥ်များတွင် ကူညီဆောင်ရွက်ပေးသော ပရဟိတအသင်းများအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှမ်များ ပ…
Dec 26,2021
ကိုဗစ်.-၁၉ကာလနှင့် ကိုဗစ်.-၁၉ကာကွယ်ဆေး ထိုးလုပ်ငန်းစဥ်များတွင် ကူညီဆောင်ရွက်ပေးသော ပရဟိတအသင်းအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှမ်များ ပေးအပ်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ(၂၄)ရက်နေ့၊ မွန်းလွဲ(၂း၀၀) နာရီအချိန်က အလုံမြို့နယ်အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ၊ သီရိရတနာခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံ မြို့နယ်၊ ထောက်ကြန့်ကိုဗစ်စင်တာတွင် volunteer ဆောင်ရွက်နေသော ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် သန့်ရှင်းရေးဝန်ထမ်းများအား…
Dec 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း လျှော့ချရေးစုပေါင်းအဖွဲ့မှ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် ပြည်တော်ပြန်များအား မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးစင်တာတွင် ထားရှိပြီး RDT Test Kit ဖြင့် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက ဓာတ်ခွဲအတည်ပြု၍ စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23562
Page
23563
Page
23564
Page
23565
Current page
23566
Page
23567
Page
23568
Page
23569
Page
23570
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department