Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်တားဆီးနိုင်စေရေးအတွက် (Mask) မတပ်ဆင် သူများအား စစ်ဆေးဆောင်ရွက်
Dec 29,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်း သွားသော်လည်း ရောဂါကွင်းဆက်ပြတ်တောက်စေရေးနှင့် မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီး နိုင်စေရေးအတွက် ဆက်လက်အထူးကြပ်မတ် ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက် (၈)နာရီအချိန်က စတင်ကာ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် စောင့်ကြည့်ရေး လုပ်ငန်း ကော်မတီ အဖွဲ့ဝင်များက နှာခေါင်းစည်း (Mask) မတပ်ဆင် သူများအား စစ်ဆေး၍ အသိပညာပေးပြီး အခုဝယ် အခုတပ်ဆင်စေခြင်း စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့၌ (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ
Dec 29,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အားကစားပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ကျောင်းဝင်းအတွင်းရှိ အားကစားကွင်းနေရာ၌ ကျင်းပပြုလုပ်လျက်ရှိရာ ဆရာ/ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ (၉၁၁၉)ဦးရှိပြီး ကျန်ရှိနေသေးသည့် မိဘပြည်သူများအား သတ္တမအသုတ်(ပထမ)အကြိမ်အဖြစ် စတင်ထိုးနှံဆောင်ရွက်
Dec 29,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင် စေရန်နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးမြို့နယ် ဗဟိုစာကြည့်တိုက်သို့ စာအုပ်များလှူဒါန်း
Dec 29,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ် ဗဟိုစာကြည့်တိုက်နှင့် ကျေးရွာစာကြည့်တိုက်များတွင် အသုံးပြုနိုင်စေရေးအတွက် ရည်ရွယ်၍ စာအုပ်များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်
Dec 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၁၀)အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုးကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask(၁၀၀၀) အခမဲ့ဖြန့်ဝေ
Dec 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများနေအိမ်ပြင်ပထွက်တိုင်း(Mask)မဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေး (MaskCamapaign)ကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွန့်မှုဖြင့် ပြည်သူများရောဂါ ကူးစက်မှုမခံရစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိရာ ယနေ့ နံနက် ၈ နာရီ အချိန်တွင် လူစည်ကားရာနေရာဖြစ်သော လွတ်လပ်ရေးကျောက်တိုင် မီးပွိုင့်လမ်းဆုံနှင့် စည်ပင်သာယာ မြို့မစျေးကြီးရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပညာပေ းနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Dec 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည ၆ နာရီအချိန်ကလှည့်လည် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပြည်သူများအား ဆက်လက် ထိုနှံပေးလျက်ရှိ
Dec 29,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသည့် ပထမအကြိမ် ထိုးနှံရမည့် ပြည်သူများနှင့် ဒုတိယအကြိမ် ပြန်လည်၍ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများအား နတ်မောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးစုရပ်များဖြစ်သည့် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနနှင့် စိုင်ကောင်း ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းများကို ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနိုင်ရန် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23554
Page
23555
Page
23556
Page
23557
Current page
23558
Page
23559
Page
23560
Page
23561
Page
23562
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department