တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုးကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask(၁၀၀၀) အခမဲ့ဖြန့်ဝေ

တွံတေး   ဒီဇင်ဘာ    ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများနေအိမ်ပြင်ပထွက်တိုင်း(Mask)မဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေး (MaskCamapaign)ကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွန့်မှုဖြင့် ပြည်သူများရောဂါ ကူးစက်မှုမခံရစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိရာ ယနေ့ နံနက် ၈ နာရီ အချိန်တွင် လူစည်ကားရာနေရာဖြစ်သော လွတ်လပ်ရေးကျောက်တိုင် မီးပွိုင့်လမ်းဆုံနှင့် စည်ပင်သာယာ မြို့မစျေးကြီးရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်နှင့် Mask Campaign မြို့နယ် ကိုဗစ်ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များ၊ ပရဟိတလူမှုရေးအသင်းတို့၏ ဦးဆောင်မှုဖြင့် ဈေးဝယ်၊ ဈေးရောင်းသူများ၊ လမ်းသွား၊ လမ်းလာများအား စနစ်တကျ (Mask) တပ်ဆင်သွားလာရေး အသိပညာပေး နှိုးဆော် ဆောင်ရွက်ခဲ့ပြီး Maskအခု( ၁၀၀၀)အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တွံတေးသား