တွံတေးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်

တွံတေး ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၁၀)အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် တိုင်းရင်းဆေးအကြောင်း ဆွေးနွေးကြမည့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ် လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးက အသိပညာပေး ဆွေးနွေးရာတွင် လူတိုင်းလူတိုင်းသည် ကံ၊ စိတ်၊ ဥတု၊ အဟာရ မျှတမှုရှိနေလျှင် ကျန်းမာသက်ရှည်နိုင်မည်ဖြစ်ကြောင်း၊ ကံဆိုသည်မှာ အလုပ်ပင်ဖြစ်ပြီး ကမ္မဘယ်သူ မပြုမိမိမှု ဆိုသည့်အတိုင်း မိမိခံနိုင်စွမ်းရည်ထက် ပိုမိုလုပ်ကိုင်ဆောင်ရွက်ခြင်း၊ ဆေးဝါးများကို လိုအပ်သည်ထက် ပိုမိုသုံးစွဲခြင်း၊ အရက်သေစားများ သောက်သုံးခြင်း၊ ဆီး၊ ဝမ်း၊ လေ စသော အဟုန်တိုကို ချုပ်တည်းခြင်း စသည့် အချက်တို့သည်လည်း ကျန်းမာရေး ထိခိုက်စေသော ကံအကြောင်းတရားများဖြစ်ကြောင်း၊ အာရုံကို သိတတ်စေသော သဘော စိတ်သည် စိတ်ထောင်းတော့ကိုယ်ကြေ ဆိုသည့် စကားအတိုင်း ပူပင်သောကများခြင်း၊ အမျက်ဒေါသကြီးခြင်း အချက်သည်နှလုံးရောဂါ၊ သွေးတိုးရောဂါ စသော ရောဂါကြီးများ ရတတ်ပါကြောင်း၊ နောက်တစ်ချက်က အခုရောက်ရှိသော ရာသီဥတုကိုလိုက်၍လည်း လိုက်လျောညီထွေစွာ ဝတ်စားဆင်ယင်ခြင်း၊ နေထိုင်တတ်ပါမှ ကျန်းမာသော ကိုယ်လက်လှုပ်ရှား အားကစားပြုမှုခြင်းဖြင့် ခန္ဓာကိုယ်ကို ရရှိပိုင်ဆိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးအချက်က ရာသီဥတုကို လိုက်၍ သင့်တင့်သောအဟာရကို ရွေးချယ်စားသောက်မှီဝဲခြင်းဖြင့် ကျန်းမာသောအကျိုးကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ "နွေ - ချို"၊" မိုး- ခါး"၊"ဆောင်း- ချဉ်" ဆိုသကဲ့သို ယခုလို ဆောင်းရာသီကာလတွင် ဆီး ၊ ဝမ်း၊ လေ မှန်ကန်အောင် မနက်စောစောအိပ်ရာထတွင် "ရေ " ကိုဝအောင် သောက်ပေးသင့်ကြောင်း တိုက်တွန်းပြောကြားပါရစေ။ "ဝမ်းချုပ်စာ၊ အဆီ အဆိမ့်" အစားအစာများ ရှောင်ကြဖို့လိုပါတယ်။ ယခုရာသီတွင် ဆီး၊ ဝမ်း မှန်စေသော ကဇွန်းချဉ်ရည်၊ ကမွန်းချဉ်၊ မုန်လာချဉ်ရည်ဟင်းများကို ချက်ပြုတ်စားသုံးပါ၊ သင့်တင့်မျှတသော ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့အကြံပြုကာ တိုင်းရင်းဆေးပညာ Talk Show အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် တွံတေးမြို့နယ်ပြည်သူ့ စာကြည့်တိုက် Page တွင် အွန်လိုင်းမှတဆင့် အသိပညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တွံတေးသား