အမြို့မြို့အနယ်နယ်သတင်းများ

Jan 19,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေး ဌာန (တောင်ကြီးမြို့)မှ တီဘီရောဂါကွင်းဆင်းရှာဖွေကုသရေးအဖွဲ့မှ ယနေ့နံနက် (၉)နာရီအချိန်မှ စတင်၍ မွေတော်ပရိယတ္တိဘုန်းတော်ကြီးကျောင်းအတွင်း၌ တီဘီရောဂါ၊ အရေပြားရောဂါ အမျိုးမျိုးနှင့် အခြားရောဂါများအား ရှာဖွေစစ်ဆေးကုသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 19,2021
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား တာဝန်ရှိသူများက ယမန်နေ့က ကျုံမငေး၊ ပိတ္တာလေးစသည့် ရပ်ကွက်၊ ကျေးရွာများ အရောက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။
Jan 19,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ ဟွေအောကျေးရွာ အုပ်စုအား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျေးလက်နေ ပြည်သူများ၏ ဆန္ဒသဘောထားသိရှိနိုင်ရန် ရည်ရွယ်၍ မြေပြင်ကွင်း ဆင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်း က အဆိုပါကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 19,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် နွေရာသီ ရေရှားပါးမှုမဖြစ်ပေါ် စေရေးနှင့် ကျန်းမာသန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် သစ်ချဆိပ်ကျေးရွာ၌ ဆောင်ရွက်နေသည့် ၄ လက်မ စက်ရေတွင်း (တွင်းနက်) စတင် တူးဖော်လျက်ရှိရာ ဖြူးမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့သည် ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
Jan 19,2021
တနင်္သာရီတိုင်းဒေသကြီး၊အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ထားသော ဓာတုပစ္စည်းများ ပါဝင်သည့်
Jan 19,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ တပေါင်းစျေးကွင်းအတွင်း၌ ယာယီဖွင့်လှစ်ထားသော ပျံကျစျေးအတွင်းတွင် ယနေ့နံနက်ပိုင်း က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် (Mask Campaign) များ အခမဲ့ဖြန့်‌ဝေပေးခဲ့ကြောင်း သိရသည်။
Jan 19,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ကြေး ကို ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ယနေ့ နံနက် ၁၁ နာရီခန့်က နေအိမ်အရောက် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Jan 19,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ၂၀၂၀−၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း (VDP) စီမံချက်ရေးဆွဲနည်း (ဆင့်ပွားသင်တန်း) အခမ်းအနား ဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။