အမြို့မြို့အနယ်နယ်သတင်းများ

Dec 27,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနနှင့် မြို့နယ်စိုက် ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ငွေချည်-၉ ချည်မျှင်ရှည်ဝါ စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီ ကဆင်ချည်တိုင်ကျေးရွာမှ တောင်သူ ဦးစောထွန်း၏ ကွင်းအမှတ်(၁၁၀၅-က) ဦးပိုင်အမှတ်(၆၆)၊ စိုက်ဧက(၂.၁၆)ဧကရှိ ဝါစိုက်ကွင်း၌ ရိတ်သိမ်းဆောင်ရွက်ခဲ့သည်။
Dec 27,2021
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်တွင်  ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် ရောက်ရှိမည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြိုနယ်အဆင့်အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၉နာရီက မြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 27,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်  ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေးထိုးနှံ‌ရေး အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်း (Mask) များ ဖြန့်ဝေ ပေးခြင်းများကို ယနေ့ နံနက် ၇ နာရီက စည်ပင်သာယာမြို့မဈေးတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သုခရတနာပရဟိတအသင်းနှင့် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌‌ရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခဲ့သည်။
Dec 27,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇ ပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိရာ ဘောဂလိမြို့အတွင်းရှိ မိဘပြည်သူများအား  သိရှိလိုက်နာရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က Hand Speaker ဖြင့် မြို့အတွင်း လှည့် လည် နှိုးဆော်ခဲ့ကြသည်။
Dec 27,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး ခိုလှုံရာ IDPs စခန်းရှိ အခြေခံပညာအထက်တန်းအဆင့်သင်ကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား စာအုပ် စာပေများလေ့လာဖတ်ရှုပြီး အသိဉာဏ်ပညာဗဟုသုတများတိုးပွားလာစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိ လာစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက အဆိုပါခိုလှုံရာစခန်းသို့သွားရောက်ပြီး Mobile Library ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Dec 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက ပုလောမြို့အမှတ်(၂)ရပ်ကွက် ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Dec 27,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ပုတီးကုန်းကျေးရွာတွင် ဖီးကြမ်းငှက်ပျော စိုက်ပျိုးခြင်းကို ယခင်က တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးကြသော်လည်း အမြတ်များများ ကျန်သည့်အတွက် စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း ဒေသခံ ငှက်ပျောစိုက် တောင်သူများထံမှ သိရသည်။
Dec 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၌ ရှမ်း၊ မြန်မာနှစ်ဘာသာဖြင့် အိုမီခရွန် (0micron)အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာကွယ်ရန် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရပ်ကွက်နှင့်ကျေးရွာ များသို့ တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။