ကော့မှူးမြို့နယ် ဗဟိုစာကြည့်တိုက်သို့ စာအုပ်များလှူဒါန်း

ကော့မှူး ဒီဇင်ဘာ ၂၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ် ဗဟိုစာကြည့်တိုက်နှင့် ကျေးရွာစာကြည့်တိုက်များတွင် အသုံးပြုနိုင်စေ‌ရေးအတွက် ရည်ရွယ်၍ စာအုပ်များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်များ လှူဒါန်းရာတွင်  လင်းလက်နေမည့် ကြယ်ပွင့်များ စာအုပ်၊ နှလုံးသားထဲက ကြယ်နှစ်ပွင့်စာအုပ်၊ လက်သံပြောင်တဲ့မောင်တွေစာအုပ်၊ စိတ်ငြိမ်အေးချမ်းပျော်ရွှင် လုပ်ငန်းစဉ် စာအုပ်စသည့် စာအုပ် စုစုပေါင်းအုပ်ရေ(၆၀)အုပ်၊ တန်ဖိုး(၂၀၀၀၀၀)ဖိုးခန့်ကို ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာ‌တောင်ညွန့်မြို့နယ်၊ လမ်း(၉၀)တိုက်(၁၁)အခန်း၃ (က) နေတေးရေးဆရာ သီချင်းရေးတဲ့ ဒီနေပုဏ္ဏက(ခ) ဦးကိုလေး ကိုယ်စား တပည့်ဖြစ်သူ စာရေးဆရာခင်ဇော် (ခင်ဇော်ကော့မှူး)မှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဇာခြည်စိမ့်ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ စာအုပ်လှုဒါန်းပွဲကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)