Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းယောင်းမြို့၌ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချ၍ မိသားစုဝင်ငွေ တိုးပွားရရှိ
Dec 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယခုအခါ တောင်သူအချို့က ဟင်းသီးဟင်းရွက်များစိုက်ပျိုး၍ ခူးဆွတ်ရောင်းချကာ မိသားစုဝင်ငွေ တိုးပွားရရှိနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လမိုင်းမြို့ တွင် YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်မှ (၇၂)ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲပထမအဆင့် ကျင်းပ
Dec 26,2021
မွန်ပြည်နယ် ၊မော်လမြိုင်ခရိုင်၊လမိုင်းမြို့ မော့ကနင်ကျေးရွာတွင်YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်မှ ဦးစီးကျင်းပသော (၇၂)ကြိမ်မြောက်(၃၈)ဖြာမင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်စာမေးပွဲပထမအဆင့် စာမေးပွဲ ကို ကော့ဖယ်ဂြင်ကျောင်း(ခ)ကော့လဝဲကျောင်း၌ ယနေ့နံနက်၉နာရီက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် ကြောင်ကျေးရွာတွင် သောက်သုံးဖူလုံစွာ ရရှိတော့မည်ဖြစ်သဖြင့် ပြည်သူများ ပျော်ရွှင်လျက်ရှိ
Dec 26,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်၊ ခြောက်လ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်း သောက်သုံးရေအခက်အခဲရှိသော ကျေးရွာများအား သောက်သုံးရေးဖူလုံစွာရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပြီး ကြောင်ကျေးရွာတွင်လည်း ပြည်သူများသောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး ရေပေးဝေရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးတော့မည်ဖြစ်သဖြင့် ပြည်သူများ ပျော်ရွှင်လျက် ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့တွင် မအူပင်(မ.စ.က)၂၀၂၁ခုနှစ် နှစ်ပတ်လည်သင်းလုံးကျွတ် အထိမ်းအမှတ်မိသားစု အားကစားပြိုင်ပွဲကျင်းပ
Dec 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မအူပင်(မ.စ.က)၂၀၂၁ခုနှစ် နှစ်ပတ်လည် သင်းလုံးကျွတ် အထိမ်းအမှတ် မိသားစုအားကစားပြိုင်ပွဲအဖြစ် စမောဂိုးပြိုင်ပွဲအား ယမန်နေ့ နံနက်ပိုင်းက မအူပင်ကားဂိတ်ဝန်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့၌ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးပြုမည့်ပစ္စည်းများ ခင်းကျင်းပြသ
Dec 26,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးပြုမည့်ပစ္စည်းများအား ခင်းကျင်းပြသခြင်းကို ဒီဇင်ဘာ (၂၅)ရက် နံနက်ပိုင်းက ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သွေးနှင့်အောက်ဆီဂျင် ဦးစားပေးဆောင်ရွက်လျက်ရှိသည့် ဖြူစင်မေတ္တာသွေးကမ္ဘာ လူမှုရေး အသင်းမှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အိမ်တိုင်ယာရောက်ပေးအပ်
Dec 26,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်း သွေးနှင့်အောက်ဆီဂျင်ကို ဦးစားပေး ဆောင်ရွက်လျက်ရှိသည့် ဖြူစင်မေတ္တာသွေးကမ္ဘာအသင်းမှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ များ ယနေ့ နံနက်ပိုင်းက အိမ်တိုင်ယာရောက်လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ်
Dec 26,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်း မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီက ရန်ကုန်-ပြည် ကားလမ်း မီးပွိုင့် လမ်းဆုံ၌ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ ခရစ္စမတ်နေ့အထိမ်းအမှတ် စုပေါင်းဂုဏ်ပြု ဆုတောင်းပွဲ ကျင်းပ
Dec 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၁ ခုနှစ် ခရစ္စမတ်နေ့အထိမ်းအမှတ် စုပေါင်းဂုဏ်ပြုဆုတောင်းပွဲအခမ်းအနားကို ယမန်နေ့တွင် ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23558
Page
23559
Page
23560
Page
23561
Current page
23562
Page
23563
Page
23564
Page
23565
Page
23566
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department