တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပညာပေ းနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

တွံတေး    ဒီဇင်ဘာ   ၂၉

ရန်ကုန်တိုင်းဒေသကြီး၊​​​ မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည ၆ နာရီအချိန်က လှည့်လည် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် မိဘပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု မခံရစေရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအား တိတိကျကျ ပြည်သူများ လိုက်နာကြရန်နှင့် ဧည့်သည်များ လက်ခံခြင်း မပြုကြရန်၊ နေအိမ်ပြင်ပသို့ ထွက်လျှင် နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းကို ပြည်သူများ အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ( Omicron) အပါအဝင် ကာကွယ်ရေး နည်းလမ်းများကို ပြည်သူများအားလုံး ဆက်လက်လိုက်နာ ဆောင်ရွက်ကြရန် နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

တွံတေးသား