နတ်မောက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပြည်သူများအား ဆက်လက် ထိုနှံပေးလျက်ရှိ

နတ်မောက်   ဒီဇင်ဘာ   ၂၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသည့် ပထမအကြိမ် ထိုးနှံရမည့် ပြည်သူများနှင့် ဒုတိယအကြိမ် ပြန်လည်၍ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများအား နတ်မောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးစုရပ်များဖြစ်သည့် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနနှင့် စိုင်ကောင်း ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းများကို ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနိုင်ရန် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိရာ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအတွက် ပထမအကြိမ်ကာကွယ် ဆေးထိုးနှံရန် ဆေးပုလင်း အလုံးရေ (၁၃၅၀) လုံးရရှိခဲ့ပြီး ဒီဇင်ဘာလ(၁၈)ရက်နေ့မှ (၂၈)ရက်နေ့အထိ ဆေးထိုးနှံပေးခဲ့ပြီး ဆေးထိုးနှံပြီးသူ (၂၅၁၈)ဦးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ပြန်လည်ထိုးပေးရန် ပြည်သူများအတွက် ဆေးပုလင်းအလုံးရေ (၃၂၀၀) လုံးရရှိပြီး ဒီဇင်ဘာလ (၂၂) ရက်နေ့မှ (၂၈) ရက်နေ့အထိ ဆေးထိုးနှံပြီးသူ (၃၁၂၈) ဦးတို့အား ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

နတ်မောက်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများအား ဆေးထိုးစုရပ် အသီးသီးတွင် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆေးထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

လှဝင်း