အမြို့မြို့အနယ်နယ်သတင်းများ

Dec 27,2021
 ကရင်ပြည်နယ်၊ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့်မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  အများပြည်သူ သိရှိလိုက်နာရမည့်အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များကစဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာအတွင်း အသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
Dec 27,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတို့ပူးပေါင်း၍ ဧရာမင်း မိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက ပန်းထိမ်းကျေးရွာမှ တောင်သူ ဦးစောဝင်း ၏ ကွင်းအမှတ်( ၁၀၄၂)ဦးပိုင်အမှတ် (၁၃၅)၊စိုက်ဧက (၁.၁၄)ဧကရှိ မိုးစပါးစိုက်ကွင်း၌ ရိတ်သိမ်းဆောင်ရွက်ခဲ့သည်။
Dec 27,2021
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်၌  ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကင်းဝေးစေရေး တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းကို ယမန်‌နေ့က ချောင်းတားစူးကျေးရွာတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Dec 27,2021
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများထိရောက်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက မင်းလှမြို့နယ်အတွင်းရှိ     မီး‌လောင်ကုန်းကျေးရွာနှင့် ဘန့်ပြင်ကျေးရွာများတွင် ကျေးရွာနေ‌ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ အသိပေးရှင်းလင်းဆွေးနွေးခဲ့‌ကြကြောင်း သိရသည်။
Dec 27,2021
ချဉ်ပေါင်ပင်သည်  ရေရှိပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သော အပင်ဖြစ်သည်။ ကင်ပွန်းချဉ်၊ ဆူးပုတ်၊ ပန်းမုံလာများကဲ့သို့ ဈေးမကောင်းသော်လည်း အကြမ်းခံ၍ ပိုးမွှားကျရောက်မှုနည်းပြီး တောင်သူတွေအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသော သီးနှံပင်တစ်မျိုး ဖြစ်သည်။
Dec 27,2021
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့သည် အဖိတ်ဥပုသ်နှင့် စနေ တနင်္ဂနွေရုံးပိတ်ရက်များတွင် တန်ခိုးကြီးစေတီပုထိုးများနှင့် အထင်ကရနေရာများတွင် ဘုရားဖူးဧည့်သည်များဖြင့် စည်ကားများပြားလျက်ရှိကြောင်း စက္ကိန်းတဲ စေတီတော်မြတ်ကြီး၏ ဘဏ္ဍာထိန်းဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်းက ပြောသည်။
Dec 27,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့ပေါ်ရှိ ဈေးဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နေ့ နံနက် ၉ နာရီ အချိန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ 
Dec 27,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများ အား စတုတ္တအသုတ် (ဒုတိယ) အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက  သတ်မှတ် စုရပ် နေရာ များတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။