နမ္မတူ ဇန်နဝါရီ ၁၅
Development Aid for People with Disabilities နှင့် ခရမ်းရောင်ကြာပန်းမှ နမ္မတူမြို့နယ်ရှိ မသန်စွမ်းသူ (၁၂)ဦးအား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၉)နာရီ အချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် Development Aid for People with Disabilities နှင့် ခရမ်းရောင် ကြာပန်းကိုယ်စား ရှမ်းပြည်နယ် မသန်စွမ်းသူများအသင်းဥက္ကဋ္ဌ ဦးစိုင်းရော်နီက နမ္မတူမြို့နယ်ရှိ မသန်စွမ်းသူ (၁၂)ဦးအား တစ်ဦးလျှင် (၃၀,၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃၆၀,၀၀၀) ကျပ်အား မသန်စွမ်းသူများ လက်ဝယ်အရောက် အိမ်တိုင်ရာရောက် ထောက်ပံပေးအပ်ခဲ့ သည်။
Development Aid for People with Disabilities နှင့် ခရမ်းရောင်ကြာပန်းအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ မသန်စွမ်းသူ (၆၀)ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ မသန်စွမ်းသူ (၇၀)ဦးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မသန်စွမ်းသူ (၇၀)ဦး၊ ရှမ်းပြည်နယ် အတွင်းရှိ မသန်စွမ်းသူ စုစုပေါင်း (၂၀၀)ဦးခန့်အား တစ်ဦးလျှင် ငွေကျပ် (၃၀,၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ် သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်မသန်စွမ်းသူများအသင်းဥက္ကဋ္ဌ ဦးစိုင်းရော်နီထံက သိရသည်။
လူမော် (ပြန်/ဆက်)