ကော့သောင်းမြို့တွင် ဂစ်အိုးတင်ယာဉ်တိမ်းမှောက်မီးလောင်ရာမှ နေအိမ်သုံးဆောင်သို့ ကူးစက် မီးလောင်မှုဖြစ်ပွား

ကော့သောင်း ၊ ဇန်နဝါရီ  ၁၅

            ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက် ၊ မြရည်ပုလဲလမ်းတွင် ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁၂:၄၅ အချိန်ခန့်က ဂစ်အိုးများတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မီးလောင်ရာမှ အနီးအနားနေအိမ်သုံးလုံးသို့ကူးစက်မီးလောင်မှုဖြစ်ပွားကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

            ဖြစ်စဉ်မှာ အဆိုပါနေ့နံနက် ပိုင်းက ကော့သောင်းမြို့အဝင်(၁၂)မိုင်စစ်ဆေးရေးဂိတ်မှတဆင့် ယာဉ်မောင်း အောင်ကိုလွင်(ဘ)ဦးဘိုထွန်းဆိုသူမောင်းနင်လာသည့် ဖူဆို(၁၀)ဘီးကားအဖြူရောင် သည် ဂစ်အိုးကြီးများတင်ဆောင်ကာ ကော့သောင်းမြို့တွင်းသို့ ခုနှစ်မိုင်မြို့ပတ်လမ်းမှတဆင့် မောင်းနင် ဝင်ရောက်လာစဉ် ရွှေပြည်သာရပ်ကွက် ၊ မြရည်ပုလဲလမ်းကုန်းဆင်းအရောက်တွင် တိမ်းမှောက်မှုဖြစ်ကာ မီးလောင်ကျွမ်းမှုကြောင့် ဂစ်(စ်)အိုးများ ပေါက်ကွဲမီးလောင်ရာမှ လမ်းဘေးအနီးအနားရှိ နေအိမ်များသ ထပ်မံကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

            အခင်းဖြစ်ဖြစ်ခြင်းသတင်းရရှိသဖြင့် ဖြစ်ပွားရာသို့ ကော့သောင်းခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများရောက်ရှိကြီးကြပ်ကာ ကော့သောင်းမြို့နယ်မီးသတ်စခန်းမှ ခရိုင်မီးသတ်ဦးစီးမှူး အပါအဝင် သန္ဓေ တပ်ဖွဲ့ဝင်(၂၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၅)ဦး၊ မီးငြိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အရပ်ဖက်ရေသယ်ယာဉ်(၂)စီး ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ရာနံနက် ၀၁:၂၅နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

            မီးလောင်မှုဖြစ်စဉ်ကြောင့် ဖူဆို(၁၀)ဘီးကားတစ်စီး၊ ဂက်(စ်)အိုးကြီး(၃၀)လုံး၊လမ်းဘေးအနီးအနား နေအိမ်(၃)ဆောင်မီးလောင်ဆုံးရှူံးမှုဖြစ်ပေါ်ခဲ့ရပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ရှစ်ဆယ်ခြောက်သိန်း ခုနစ်သောင်း(၈၆၇၀၀၀၀)ခန့် မီးလောင်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ရပြီး နေအိမ်တစ်လုံးမှ အသက်(၃၀)နှစ် ဝန်းကျင်ခန့် အမျိုးသားတစ်ဦး(အမည်စိစစ်ဆဲ) သေဆုံးခဲ့ရပြီး မီးလောင်မှုနှင့်ပတ်သက်၍ တာဝန်ရှိသူ အောင်ကိုလွင် အား ကော့သောင်းမြို့နယ်ရဲစခန်းမှ အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ကျော်စိုး (ကော့သောင်း)