ဟိုပန်မြို့တွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အထောက်အကူပြု စိုက်ပျိုးရေးပညာပေး သင်တန်း ဖွင့်လှစ်

ဟိုပန်   ဇန်နဝါရီ  ၁၅

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အထောက်အကူပြု စိုက်ပျိုးရေးပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဟိုပန်ခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အလုပ်အမှုဆောင် ကော်မတီဝင် ဦးရန်ကျော်၊ ခရိုင်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်စိုးတို့မှ အဖွင့်အမှာစကား ပြော ကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသိုက်စိုးမှ ဟိုပန်မြို့တွင် အသက် မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများကို အလျဉ်းသင့်သလို ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဟိုပန်မြို့တွင် စိုက်ပျိုးရေး လုပ်ကိုင်သည့် ပြည်သူလူထု ကများပြီး စိုက်ပျိုးရေးနည်းပညာများလိုအပ်သည့်အတွက် စိုက်ပျိုးရေးသင်တန်းကိုဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အထောက်အကူပြုသင်တန်းဖြစ်သည့်အတွက် ဒေသတွင်ရှိသည့် အရင်းအမြစ် များနဲ့ကိုက်ညီပြီး ပြည်သူကိုအကျိုးပြုစေမည့် ဝဉသီးနှံစိုက်ပျိုးနည်းကို စိုက်ပျိုးရေးဦးစီးဌာနနှင့်ညှိနှိုင်းပြီး သင်တန်းပို့ချသွား မည်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် ဝဉဈေးကွက်များရှိနေပြီး မကြာခင်တွင် တရုတ်နိုင်ငံ၌လည်း ဈေးကွက် ရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဟိုပန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးချိုလေးမှ G.A.P စိုက်ပျိုးနည်းစနစ်ဖြင့် ဝဉသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း လုပ်ငန်းကို စာတွေ့၊ လက်တွေ့ပြသ၍ သင်တန်းပို့ချပေးခဲ့ရာ သင်တန်းသို့ တက်ရောက်လာသူများမှ မိမိတို့သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အထောက်အကူပြု စိုက်ပျိုးရေးပညာပေးသင်တန်း ဖွင့်ပွဲသို့ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ အလုပ်မှုဆောင်ကော်မတီဝင် ဦးရန်ကျော်၊ ဟိုပန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသူကျော်နှင့် ဟိုပန်မြို့နယ် ကျေးရွာအုပ်စု(၅)အုပ်စုမှ တောင်သူ (၁၅)ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)