မိုင်းယုမြို့ မီးသတ်စခန်းအား ရှမ်းပြည်နယ်၊ ပြည်နယ်မီးသတ်ဦးစီးမှူး ကွင်းဆင်းစစ်ဆေး

မိုင်းယု     ဇန်နဝါရီ       ၁၅

ရှမ်းပြည်နယ်၊ ပြည်နယ်မီးသတ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်နှင့် အဖွဲ့သည် ယမန်နေ့၊ ညနေပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် နယ်စပ်ဒေသ မိုင်းယုမြို့ရှိ နယ်မြေခံမီးသတ်စခန်းသို့ ရောက်ရှိလာပြီး စခန်းတွင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင်  ရှမ်းပြည်နယ်၊ ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူးနှင့် အဖွဲ့သည် မိုင်းယုနယ်မြေခံ မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ တပ်ဖွဲ့ဝင်များ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို လမ်းညွှန်မှာကြားခြင်း၊ မီးသတ် ရေယာဉ်၊ မီးသတ်စက်ပစ္စည်း ကိရိယာများနှင့် တပ်ဖွဲ့ဝင်များ အမြဲကျန်းမာကြံ့ခိုင်မှု ရှိစေရန်နှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတွေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စခန်းအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်လာခြင်းများ မဖြစ်ပေါ်စေရေး ကြပ်မတ် ဆောင်ရွက်ရန်၊ တပ်ဖွဲ့အတွင်း စီမံအုပ်ချုပ်ရေး လျော့နည်းသည့် ဖြစ်စဉ်များမဖြစ်ပေါ်စေရန်၊ တပ်ဖွဲ့ဝင်များအား မီးငြှိမ်း သတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ခန်းများ အစဉ်တစိုက် ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ကြရန်နှင့် စခန်းတွင်း လိုအပ် သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း နယ်မြေမီးသတ်စခန်းမှ ဦးစီးမှူး ဦးတင်စိုးခိုင်ထံမှ သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)