အမြို့မြို့အနယ်နယ်သတင်းများ

Dec 27,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ စီစဉ်တင်ဆက်သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို) Talk Show အစီအစဉ်ကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့ကြောင်း သိရသည်။
Dec 27,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပသည်။
Dec 27,2021
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ယမန်နေ့က အချွိန်ပြင်ကျေးရွာအုပ်စု၊ သပြေကျွန်းကျေးရွာရှိ ‘ပန်းသပြေ” ကျေးရွာစာကြည်တိုက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
Dec 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့အမှတ်(၂) ရပ်ကွက်တွင် ရပ်ကွက်အတွင်းရှိ လမ်းများဖွံဖြိုးရေးနှင့် စနစ်တကျဖြစ်စေရေး၊ အများပြည်သူများက လမ်းကိုအဆင်ပြေ ချောမွေ့စွာ အသုံးပြုသွားလာနိုင်ရေးတို့အတွက် လမ်းအား အဆင့်​မြင့်တင်ခြင်း ကွန်ကရစ်ခင်းခြင်းကို ဒီဇင်ဘာ ၁၇ ရက်က စတင်ခဲ့ပြီး ယနေ့တွင်လည်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Dec 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ကျိုင်းဖောင်းရေပူစမ်း အပန်းဖြေစခန်းတွင် ခရစ်စမတ်နှင့် ရုံးပိတ်ရက်များအတွင်း မိသားစုအလိုက် လာရောက် အပန်းဖြေသူများဖြင့် စည်းကားခဲ့ကြောင်း သိရသည်။
Dec 27,2021
မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြင်ချင်ကျေးရွာတွင် မိုးစပါး တစ်ဧကထွက်နှုန်း တိုးတက်ရေးနှင့် မျိုးစေ့ထုတ် စိုက်ခင်း ဆောင်ရွက်ထားသည့် စိုက်ဧကများကို စံကွက်ရိတ်သိမ်းခြင်း လုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။
Dec 27,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၁၀)နာရီ ချိန်က ဆွမ်ပရာဘွမ်မြို့ (အ.ထ.က)ကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။