အမြို့မြို့အနယ်နယ်သတင်းများ

Jan 20,2021
ရန်ကုန်တိုင်း​​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
Jan 20,2021
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ် ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင် ရေး အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ယနေ့ နံနက် (၈)နာရီအချိန်၌ လူသွားလူလာများသော ဈေးပိုင်း ရပ်ကွက် ဗိုလ်ချုပ်လမ်း နှင့် ဘုရင့်နောင်လမ်းဆုံ(မင်္ဂလာဓမ္မရုံရှေ့)တွင် ဆောင်ရွက်ခဲ့သည်။
Jan 20,2021
ပြည်တွင်းထုတ်လုပ်သည့် ပဲဆီ၊ နှမ်းဆီ၊နေကြာဆီများ ဈေးတည်ငြိမ်နေသော်လည်း စားအုန်းဆီဈေးများ ယခင်ကထက် နှစ်ဆနီးပါး ဈေးတက် လာကြောင်း ဆီစက်ပိုင်ရှင်များအသင်းက သိရသည်။
Jan 20,2021
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူများကျန်းမာ သန့်ရှင်းရေး မဟာဗျူဟာရည် မှန်းချက်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် ရည်မှန်းချက်များနှင့်အညီ အကောင်းအထည်ဖော်ဆောင်ရွက် လျှက်ရှိသည့် ကျေးရွာအခြေပြုစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်အကြောင်း အသိပညာပေးခြင်း နှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း ဆဌမအကြိမ်မြောက် ချေးငွေထုတ်ချေးပေးခြင်းအခမ်းအနားကို ယမန်နေ့က စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ထန်းတပင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
Jan 20,2021
ပေါက်ခေါင်းမြို့နယ်တွင် ကန့်သတ်စောင့်ကြည့်ရေးစင်တာများတွင် ထားရှိသော ပြည်တွင်းနှင့် ပြည်ပ ပြန် (၂၄) ဦး၏ နှာခေါင်းတို့ပတ်နမူနာ များကို ကျန်းမာရေးဝန်ထမ်းများက ဆေးသုတေသနဦးစီးဌာန ဓာတ်ခွဲခန်း ရန်ကုန်သို့ ပေးပို့စစ်ဆေးရာ (၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
Jan 20,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးနှင့် ဒေသတွင်း အပူချိန်မြင့်မားလာမှုများအား လျှော့ချနိုင်ရန် ရည်ရွယ်၍ ယခုနှစ် မိုးရာသီကာလအတွင်း သစ်ပင်များ စိုက်ပျိုး နိုင်ရန်အတွက် ပျိုးပင်ပေါင်း တစ်သောင်းကို ရှမ်းရွာသစ်မြို့အတွင်းရှိ ရပ်ကွက်ကျေးရွာနေ ပြည်သူများနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများအား ဖြန့်ဝေပေးနိုင်ရန်အတွက် ပျိုးပင်များ ပျိုးထောင်ထားရှိကြောင်း သိရသည်။
Jan 20,2021
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် တွင် ဆောင်ရွက် သည့် ကုန်ထုတ်လမ်း ၃ လမ်းအား လုပ်ငန်းဆောင်ရွက်ပြီးစီးသည့် အခြေအနေကို