ရှမ်းရွာသစ် ဇန်နဝါရီ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးနှင့် ဒေသတွင်း အပူချိန်မြင့်မားလာမှုများအား လျှော့ချနိုင်ရန် ရည်ရွယ်၍ ယခုနှစ် မိုးရာသီကာလအတွင်း သစ်ပင်များ စိုက်ပျိုး နိုင်ရန်အတွက် ပျိုးပင်ပေါင်း တစ်သောင်းကို ရှမ်းရွာသစ်မြို့အတွင်းရှိ ရပ်ကွက်ကျေးရွာနေ ပြည်သူများနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများအား ဖြန့်ဝေပေးနိုင်ရန်အတွက် ပျိုးပင်များ ပျိုးထောင်ထားရှိကြောင်း သိရသည်။
အဆိုပါ ပျိုးပင်များ ရှမ်းရွာသစ်မြို့ ယာယီပျိုးဥယျဉ်တွင် မန်ဂျန်ရှားပင် (၅၀၀၀)နှင့် ပျဉ်ကတိုးပင် (၅၀၀၀) စုစုပေါင်း ပျိုးပင်ပေါင်း တစ်သောင်းကို ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလမှ စတင်၍ မြို့သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ပျိုးထောင်ထားရှိပြီး ၂၀၂၁ခုနှစ် ဇွန်လနှင့် ဇူလိုင်လတို့တွင် ပြည်သူလူထုများ စိုက်ပျိုးနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့သစ်တောဦးစီးဌာနမှ သိရသည်။
ဝေဠု (ပြန်/ဆက်)