အမြို့မြို့အနယ်နယ်သတင်းများ

Jan 19,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် လက်ရှိတာဝန်ထမ်းဆောင်လျက် ရှိသော ရပ်ကွက်/ ကျေးရွာအုပ်ချပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင်
Jan 19,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ သန်လျင် မြို့နယ် တွင်း သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေး၊ မြို့တွင်း လမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက် လျှက်ရှိရာ ဇန်နဝါရီ ၁၉ နံနက် ၉ နာရီက သတိပဋ္ဌာန်လမ်းကြီးရှိ ရေနုတ်မြောင်း နှစ်ဖက်အား ရေစီးရေလာကောင်းမွန်ရေးနှင့် လူသွားပလက်ဖောင်း ဆောင်ရွက်နေသည် ကို တွေ့မြင်ရသည်။
Jan 19,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 19,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုညှင်းမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား၈၈၀ဦးအား နိုင်ငံတော်အစိုးရ မှထောက်ပံ့သည့်အသက်(၈၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွား(၁)ဦးလျင်(၃၀၀၀၀)နှုန်းနှင့်ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်းအသက်၁၀၀နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများအား ထပ်ဆောင်းထောက်ပံ့ငွေကျပ်(၃၀၀၀၀)ကိုဇန်နဝါရီ၁၉ရက်နေ့မွန်းလွဲပိုင်းမှစ၍သက်ဆိုင်ရာတာဝန်ရှိသူများကအိမ်တိုင်ယာရောက်လိုက်လံထောက်ပံ့ ခဲ့ကြောင်းသိရသည်။
Jan 19,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကရင်စာပေနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရှေ့ဆက်လုပ်ငန်းများဆောင်ရွက်နိုင်ရန် မြို့နယ်ကရင်စာပေနှင့် ယဉ် ကျေးမှုအသင်း၏ တတိယအကြိမ် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက် (၁၁)နာရီ အချိန်က ဇိုင်း ယာန်းဘုရားကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
Jan 19,2021
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ လေယာဉ်ဖြင့် ခရီးသွားမည့်သူ (၄)ဦးအား RTD ဖြင့်စစ်ဆေးရာ (၂)ဦးတွင် COVID – 19 ရောဂါပိုးတွေ့ရှိ ရကြောင်းသိရသည်။
Jan 19,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုမြို့တွင် ငလျင်ဘေးအန္တရယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေ ကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက် လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီက အစိုးရနည်းပညာ ကောလိပ်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 19,2021
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် အသက်(၁၀)နှစ်အောက် ကလေးသူငယ်များ အာဟာရဖွံ့ဖြိုးရေးအဖြစ် အာဟာရနွားနို့တိုက်ကျွေးခြင်းကို ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက ကျောက်ဆည်မြို့ သောကြာကြယ်ပရဟိတကျောင်းသို့ သွားရောက်တိုက်ကျွေးခဲ့ကြောင်း သိရသည်။