အမြို့မြို့အနယ်နယ်သတင်းများ

Jan 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက် ဓမ္မာရုံ၌ ယနေ့ နံနက်ပိုင်းက အမှတ်(၇) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ပုသိမ်)မှ ရဲအုပ်ဇော်ဝင်းထွဋ်၊ ငါးသိုင်း‌ချောင်း နယ်မြေရဲတပ်ဖွဲ့ စခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုတိယ ရဲအုပ်နေလင်းအောင်နှင့် ရှေ့ဆောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က ရပ်ကွက်/ကျေးရွာ အခြေပြု လူကုန်ကူးမှု စောင့်ကြည့်ရေးနှင့် လူကုန်ကူးမှု တားဆီးကာကွယ် တိုက်ဖျက်ရေး အကြောင်းအရာများကို အသိပညာပေး ဟောပြောခြင်း၊‌‌ ဟောပြောပွဲ တက်ရောက်လာသူများကို (mask)နှာခေါင်းစည်းနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်တိုက်ဖျက်ရေး အသိပညာပေး‌ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်‌ ပေးခဲ့ကြောင်း သိရသည်။
Jan 19,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း (mask) တပ်ဆင်ခြင်းကို အလေးထား၍ ဆောင်ရွက်ကြရန် နေ့စဉ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ လူအများ သွားလာရာ နေရာများဖြစ်သော မြို့မဈေး အတွင်းနှင့် မြို့လယ် ပဲခူးလမ်းမ ကြီးပေါ်တွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ နှာခေါင်းစည်း (mask) တပ်ဆင် သွားလာမှု ရှိ/မရှိကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 19,2021
မကွေးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှုအနေဖြင့် Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စည်ပင် သာယာရေး ဦးစီးဌာနနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စည်ပင်သာယာစျေးနှင့် ယာယီပျံကျစျေးတို့ တွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Jan 19,2021
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ခုနှစ် ဘဏ္ဍာရေး နှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်း အခမ်းအနားကို ယမန်‌နေ့နံနက်ပိုင်းက ကတွန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Jan 19,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်​ရေးအတွက် အသိ​ပေးနှိုး​ဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ထီးတန်း​စျေးတွင် ယမန်​နေ့ နံနက် ၈ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးနှင့် ပြုပြင်​ပြောင်းလဲ ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှု (Mask & Face Shield Yellow Campaign) ကို ပြုလုပ် ဆောင်ရွက်ခဲ့သည်။
Jan 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် လွယ်မောက်တောင်ကျေးရွာတွင် အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု ပလပ်စတစ်ခြင်းယက်လုပ်ခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 19,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် အများပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်များ ကျရောက် လာပါကလျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန် မြို့နယ်မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ကြိုတင်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jan 19,2021
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် အညီ အလျား ၁၂၀ ပေ၊ အနံ ၉၀ ပေ Steel Structure အမျိုးအစား မိုးလုံ လေလုံ အားကစားရုံ ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ပြည်သူ့အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။