အမြို့မြို့အနယ်နယ်သတင်းများ

Jan 20,2021
ပြည်သူများသွားလာမှု အဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ စည်ပင်သာယာရေး‌ ကော်မတီမှ မြို့တွင်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်အတွက် မြဝတီ ရပ်ကွက်ရှိ ဆေး‌ရုံဟောင်းလမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ယမန်နေ့က ဆောင်ရွက် ပြီးစီးခဲ့ကြောင်း သိရသည်။
Jan 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်၍ ကြူကော်ယွင်ကျေးရွာ၊ ညိုချန်ကျေးရွာ၊ မန်ဟွယ်ကျေးရွာ၊ ဟိုပုန်းကျေးရွာ ပေါင်း(၁)ယူနစ်ကို မြစိမ်းရောင်ကျေးရွာစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ နှစ်ပတ်လည်ဆန်းစစ် သုံးသပ်ဆွေးနွေးခြင်းနှင့် ရန်ပုံငွေများ ပြန်လည်ထုတ်ပေးခြင်း အစီအစဉ်ကို ယမန်နေ့မွန်းလွဲပိုင်း က ကြူကော်ယွင်ကျေးရွာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 20,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ အောင်ဆန်းဈေးအတွင်း ရောင်းချလျက်ရှိသည့် မုန့်မျိုးစုံ ဈေးဆိုင်များရှိ မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 20,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ခန့်အပ်နိုင်ရေး အတွက် ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့သစ်ရပ်ကွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယာယီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 20,2021
ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် ညမထွက်ရအမိန့်ကို ချိုးဖောက်ပြီး တွေ့ရှိသူ ဇန်နဝါရီ ၁၈ ရက်နေ့အထိ ၆၄၉ ဦးရှိခဲ့ပြီး အားလုံးကို ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။
Jan 20,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၂)ရပ်ကွက် ပေါ်ဦးလမ်း အ.ထ.က(၁) ကျောင်းရှေ့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ​ကြောင်း သိရှိရ သည်။
Jan 20,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် Christian Aid ၏ ပံ့ပိုးမှုဖြင့် စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (Glad)နှင့် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်း နှင့် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက နမ္မတူမြို့နယ်ရှိ နားကျဲ၊ မိုက်ဟုန်း၊ ပန်ချင်ကျေးရွာတို့၌ ဆောင်ရွက်ခဲ့ သည်။
Jan 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နမ့်ဖတ်ချောင်း၌ သဲနုန်းတူးဖော်ပေါင်းဆင့်၊ တုတ်တန်းရိုက်၊ သဲအိတ်ချကာရံခြင်းလုပ်ငန်းအား ယမန်နေ့မွန်းလွဲ (၂)နာရီခွဲအချိန်ခန့် က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်တည်ဆောက်ရေး ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။