ရေတာရှည် ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် တွင် ဆောင်ရွက် သည့် ကုန်ထုတ်လမ်း ၃ လမ်းအား လုပ်ငန်းဆောင်ရွက်ပြီးစီးသည့် အခြေအနေကို တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချောစုဇံနှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၁၉ ရက်နေ့ ညနေပိုင်းကကွင်းဆင်း ကြည့်ရှုခဲ့ရာ မြို့နယ်ဦးစီးမှူး ဦးရန်နိုင်ညွန့်က လုပ်ငန်းအလိုက် ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြောင်းသိရသည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၀၁ ဒသမ ၇ သန်းဖြင့် စိုက်ပျိုးမြေ ဧက ၂၀၀ ကိုအကျိုးပြုနိုင်သော အရှည် ၂/၇ ဒသမ ၈ မိုင်၊ အကျယ် ၁၀ ပေ၊ အမြင့် ၉ လက်မရှိသည့် ပိတောက်ခင်ကျေးရွာ စနစ်ကျ လယ်ယာမြေကုန်ထုတ်လမ်း၊ ခွင့်ပြု ရန်ပုံငွေ ကျပ် ၆၅ ဒသမ ၄၁ သန်းဖြင့် စိုက်ပျိုးမြေ ဧက ၁၀၀ ကိုအကျိုးပြုနိုင်သော အရှည် ၀/ ၆ ဒသမ ၀၆ မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ၃ ပေ ၉ လက်မရှိသည့် ပိန်းအင်းကျေးရွာကုန်ထုတ်လမ်း၊ ပြည်ထောင်စု ခွင့်ပြု ရန်ပုံငွေ ကျပ် ၁၀၈ ဒသမ ၆၆၅ သန်း ဖြင့် အရှည် ၁/၆ ဒသမ ၂၄ မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ၁ ပေ ၉ လက်မရှိသော ကျောက်ချောင်းကျေးရွာနှင့် အမြန်လမ်း မိုင်တိုင် ၁၅၉ ကိုဆက်သွယ် ထားသည့် ကုန်ထုတ်လမ်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆု(ပြန်/ဆက်)