Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လဟယ်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ (အသစ်) ရွေးချယ်နိုင်ရေး ဆွေးနွေးပွဲ ကျင်းပ
Jan 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာ၀န်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ အသစ် ရွေးချယ်ခြင်းအတွက် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေနှင့်အညီ ၂၀၂၁ ခုနှစ်၊ မတ်လ ကုန်အပြီး ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် (၁ဝ) နာရီအချိန် လဟယ်မြို့ မာလာတောင် အားကစားခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာနေပြည်သူများ လိုက်နာရမည့် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း အသိပညာပေးခြင်းများ ဆောင်ရွက်
Jan 19,2021
ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးကြိုတင်ကာကွယ် ရေးအတွက် ယနေ့နံနက် ၁၀နာရီက ဟားခါးမြို့၊ရပ်ကွက်များသို့ မီးဘေးလုံခြုံရေး အတွက် တစ်အိမ်တက်ဆင်း အသိပညာပေးခြင်းများအရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိ ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ငွေဆောင်မြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့မဈေး၊ လမ်းဘေးဈေးဆိုင်/အိမ် ဆိုင်များ သတ်မှတ်အချိန်အတွင်း ရောင်းချခြင်းရှိ/မရှိစစ်ဆေး
Jan 19,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ငွေဆောင်မြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့မဈေး၊ လမ်းဘေးဈေးဆိုင်/အိမ်ဆိုင်များအား သတ်မှတ်အချိန်အတွင်း ရောင်းချခြင်း ရှိ/မရှိကိုယနေ့နံနက် ၈နာရီကလိုက်လံ စစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Jan 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်းနိန်နှင့် မီးသတ် တပ်ဖွဲ့ဝင်များသည် မီးဘေးကြိုတင်ကာကွယ်ရေးတွက် ယနေ့ နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းကာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့၌ မြန်မာနိုင်ငံမသန်စွမ်းအသင်းမှ မသန်စွမ်းဆိုင်ရာဥပဒေ၊နည်းဥပဒေများကို အသိပညာပေးဆွေးနွေး
Jan 19,2021
ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းမှ ကျေးရွာများသို့ကွင်းဆင်း၍ မသန်စွမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို အသိပညာပေးဆွေးနွေးမှုကို ယမန်နေ့နံနက် ၁၀ နာရီက နိုင်ခလောင် ကျေးရွာဘုန်းကြီးကျောင်းဝန်း အတွင်း၌အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တစ်လတာလုပ်အားပေး ဆောင်ရွက်ခဲ့သော ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ကြက်ခြေနီ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုကြိုဆို
Jan 19,2021
ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီး ကိုဗစ်ကုသရေးစင်တာ အထူးကြပ်မတ်ကုသဆောင်တွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ(၁၆) ရက်နေ့မှ စတင်၍ တစ်လတာ လုပ်အားပေးဆောင်ရွက်ခဲ့သော ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ကြက်ခြေနီတပ်ဖွဲ့ စေတနာလုပ်အားရှင်(၃၆)ဦးကို ယမန်နေ့ နံနက်ပိုင်းက ပြန်လည် ကြိုဆိုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်းနှင့် အသက်(၁၀၀)နှစ်နှင့်အထက် ဘိုးဘွားများအား ထပ်ဆောင်းထောက်ပံ့ငွေများပေးအပ်…
Jan 19,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား လူမှုရေး ပင်စင် ထောက်ပံ့ခြင်းနှင့် အသက်(၁၀၀)နှစ်နှင့်အထက် ဘိုးဘွားများအား ထပ်ဆောင်း ထောက်ပံ့ ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ ကရင်တိုင်းရင်း သားရေးရာဝန်ကြီး နော်ပွယ်စေး ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်း ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးနှင့် အဖွဲ့ဝင်များက မဇင်းရပ်ကွက်ရှိ ဘိုးဘွားများ၏ နေအိမ်များသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာဆယ်ရွာတွင် သောက်သုံးရေရရှိရေး ဆောင်ရွက်
Jan 19,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း စက်ရေတွင်းတူဖော်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ရေစင် တည်ဆောက်ခြင်း၊ ကျေးရွာအတွင်း ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23416
Page
23417
Page
23418
Page
23419
Current page
23420
Page
23421
Page
23422
Page
23423
Page
23424
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department