ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးရာ(၂) ဦးတွင်ပိုးတွေ့

ပေါက်ခေါင်း ဇန်နဝါရီ ၂၀

ပေါက်ခေါင်းမြို့နယ်တွင် ကန့်သတ်စောင့်ကြည့်ရေးစင်တာများတွင် ထားရှိသော ပြည်တွင်းနှင့် ပြည်ပ ပြန် (၂၄) ဦး၏ နှာခေါင်းတို့ပတ် နမူနာ များကို ကျန်းမာရေးဝန်ထမ်းများက ဆေးသုတေသနဦးစီးဌာန ဓာတ်ခွဲခန်း ရန်ကုန်သို့ ပေးပို့စစ်ဆေးရာ (၂) ဦး တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာ (၂) ဦးသည် အောင်မြင်ကုန်းကျေးရွာမှ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး လသာ မြို့နယ်မှ ပြန်ရောက်လာသူ များဖြစ်ရာ သတ်မှတ်ထားသော ကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် နေထိုင်သူများဖြစ်သည်။ ၎င်းပိုးတွေ့လူနာ ၂ ဦးသည် ယနေ့ နံနက်ပိုင်းက စတင်၍ ပေါက်ခေါင်းမြို့ ပြည်သူ့ဆေးရုံ သီးခြားဆေးကုသဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိရာ ကျန်းမာရေး ကောင်းမွန်လျက် ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)