ရှားတော ဇန်နဝါရီ ၂၀
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ် ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင် ရေး အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ယနေ့ နံနက် (၈)နာရီအချိန်၌ လူသွားလူလာ များ သော ဈေးပိုင်း ရပ်ကွက် ဗိုလ်ချုပ်လမ်း နှင့် ဘုရင့်နောင်လမ်းဆုံ(မင်္ဂလာဓမ္မရုံရှေ့)တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ ဖြစ်ကြ သော လူမှုဝန်ထမ်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီချို ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ် ဖွဲ့ဝင်များနှင့် အမျိုး သမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် ဈေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းဆုံ(မင်္ဂလာဓမ္မရုံရှေ့)တွင် သွားလာနေသော ပြည်သူများအား မိမိတို့ နေအိမ်ပြင်ပကို ထွက်ခွာသွားလာပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် သွားရန် အသိပညာပေး ပြောကြားပြီး Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask များကို ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ကြောင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)