မိုးညှင်း ဇန်နဝါရီ ၁၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုညှင်းမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား၈၈၀ဦးအား နိုင်ငံတော်အစိုးရ မှထောက်ပံ့သည့်အသက်(၈၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွား(၁)ဦးလျင်(၃၀၀၀၀)နှုန်းနှင့်ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်းအသက်၁၀၀နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများအား ထပ်ဆောင်းထောက်ပံ့ငွေကျပ်(၃၀၀၀၀)ကိုဇန်နဝါရီ၁၉ရက်နေ့မွန်းလွဲပိုင်းမှစ၍သက်ဆိုင်ရာတာဝန်ရှိသူများကအိမ်တိုင်ယာရောက်လိုက်လံထောက်ပံ့ ခဲ့ကြောင်းသိရသည်။
ထောက်ပံ့ငွေပေးအပ်ရာတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်အောင် နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုတိယဦးစီးမှူးဦးခင်မောင်ကျော်တို့ကမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရွာသစ်ကုန်း၊ အရှေ့စုနှင့်အောင်သပြေရပ်ကွက်များရှိ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်တစ်လ (၁၀၀၀၀)နှုန်းဖြင့် ၂၀၂၀ပြည့်နှစ်(အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာ)လများအတွက်ငွေကျပ်(၃၀၀၀၀)ကိုဘိုဘွားလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြပြီးအောင်သပြေရပ်ကွက်ရှိအသက်(၁၀၀)နှစ်နှင့်အထက်သက်ကြီးဘိုးဘွား(၁)ဦးကိုထပ်ဆောင်းထောက်ပံ့ငွေကျပ်(၃၀၀၀၀)ကိုလည်းပေးအပ်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍လည်း မြို့နယ်အတွင်းကျန်ရှိနေသေးသည့် သက်ကြီးဘိုးဘွားများ၏ထောက်ပံ့ငွေနှင့် လူမှုရေးပင်စင်များကို သက်ဆိုင်ရာ ရက်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတဆင့်ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ပြီး မြို့နယ်တစ်ခုလုံးအတိုင်းအတာအရ သက်ကြီးဘိုးဘွား ၈၈၀ဦးရှိပြီး ၎င်းတို့အထဲမှအသက် (၁၀၀)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား၂၇ကို ကိုဗစ်၁၉ဖြစ်ပွားနေစဉ် ထပ်ဆောင်း ထောက်ပံ့ငွေကျပ် (၃၀၀၀၀)စီကို လည်းထောက် ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)