ကျောက်ဆည် ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် အသက်(၁၀)နှစ်အောက် ကလေးသူငယ်များ အာဟာရဖွံ့ဖြိုးရေးအဖြစ် အာဟာရနွားနို့တိုက်ကျွေးခြင်းကို ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက ကျောက်ဆည်မြို့ သောကြာကြယ်ပရဟိတကျောင်းသို့ သွားရောက်တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အသက်(၁၀)နှစ်အောက် ကလေးသူငယ်များအား အာဟာရနို့တိုက်ကျွေးရာမှာ သောကြာကြယ် ပရဟိတ ကျောင်းရှိကလေး(၃၀)ဦးအား ကျောက်ဆည်ခရိုင်/မြို့နယ်အမျိုးသမီး ကော်မတီဝင်များ က နွားနို့များတိုက်ကျွေး ခြင်းနှင့် အာဟာရဖြစ်စေမည့်မုန့်များနှင့် Mask များပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကျောက်ဆည်မြို့နယ်တွင်အောက်တိုဘာ(၈)ရက်နေ့မှစတင်ကာအသက်(၁၀)နှစ်အောက်ကလေးငယ် များအား တစ်ပတ်လျှင်(၂)ကြိမ် အာဟာရနို့များပုံမှန်တိုက်ကျွေးလျက်ရှိကြောင်းနှင့် ရှေးဦးအရွယ် ကလေး သူငယ်ဖွံ့ဖြိုးတိုးတက်ရေးနည်းစနစ်ကို တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုရန် ရည်ရွယ်ချက်ဖြင့် အာဟာရနို့ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)