ဘောဂလိ ဇန်နဝါရီ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် လက်ရှိတာဝန်ထမ်းဆောင်လျက် ရှိသော ရပ်ကွက်/ ကျေးရွာအုပ်ချပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များကို ဧပြီလ(၁)ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်နိုင်ရန် ရွေးချယ်ခန့်အပ် တာဝန်ပေးနိုင်ရေးအတွက် ယနေ့နံနက်(၁၀)နာရီအချိန်က ဘောဂလိ မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သံတောင်ကြီးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဟန်ထူးဈာန်က ရက်ကွက်/ကျေးရွာ အုပ်ချုပ် ရေး ဥပဒေ၊ နည်းဥပဒေပြင်ဆင်ချက်များ ကြီးကြပ်ရေးအဖွဲ့ရာအိမ်မှူး၊ဆယ်အိမ်မှုး ကျေးရွာတာဝန်ခံ အုပ်ချုပ်ရေးမှူးရွေးချယ်သည့် လုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ပြင်ဆင်သည့် ဥပဒေ ၊နည်းဥပဒေ အသိပညာပေးခြင်း လုပ်ငန်းကို ဘောဂလိမြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅)အုပ်စုရှိ ရပ်ကျေးစာရေးများ ကတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဘောဂလိ(ပြန်/ဆက်)