ပင်းတယမြို့၌ လေယာဉ်ဖြင့်ခရီးသွားမည့်သူ (၄)ဦးအား RTD ဖြင့်စစ်ဆေးရာ (၂)ဦးတွင် COVID – 19 ရောဂါပိုးတွေ့ရှိ

 

ပင်းတယ    ဇန်နဝါရီ     ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ပင်းတယမြို့၌ လေယာဉ်ဖြင့် ခရီးသွားမည့်သူ (၄)ဦးအား RTD ဖြင့်စစ်ဆေးရာ (၂)ဦးတွင် COVID – 19 ရောဂါပိုးတွေ့ရှိ ရကြောင်းသိရသည်။

အဆိုပါ ပိုးတွေ့သူ(၂)ဦးတွင် တစ်ဦးမှာ ခရီးသွားရာဇဝင်ရှိခဲ့သူဖြစ်ပြီး ပင်းတယမြို့တွင် Home Quarantine ဝင်၍ ခရီးသွားလာသည့်ဒေသနှင့် ပင်းတယမြို့တွင် ရောဂါပိုးစစ်ဆေးပြီး ပိုးမတွေ့ရှိ (မတွေ့ရှိ) အဖြေထွက်ထားသူ ဖြစ်ကြောင်း၊ ၎င်းနှင့်ထိတွေ့သူများအား Home Quarantine  ထားရှိပြီး COVID -19 ရောဂါပိုးရှိ/မရှိ စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

           

  အောင်ကိုဦး(ပင်းတယ)