သန်လျင် ဇန်နဝါရီ ၂၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ သန်လျင် မြို့နယ် တွင်း သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေး၊ မြို့တွင်း လမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက် လျှက်ရှိရာ ဇန်နဝါရီ ၁၉ နံနက် ၉ နာရီက သတိပဋ္ဌာန်လမ်းကြီးရှိ ရေနုတ်မြောင်း နှစ်ဖက်အား ရေစီးရေလာကောင်းမွန်ရေးနှင့် လူသွားပလက်ဖောင်း ဆောင်ရွက်နေသည် ကို တွေ့မြင်ရသည်။
သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေ ဖြင့် မြို့တွင်းလမ်းများဖြစ်သော သတိပဋ္ဌာန်လမ်း၊ ဖို့မြေလမ်း၊ မာဃလမ်း၊ ဗိုလ်ချုပ်နေဝင်း လမ်းနှင့် ဘုရင့်နောင်လမ်းမကြီးတို့အား AC နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်းနှင့် မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်ရေး သတိပဋ္ဌာန် လမ်းမကြီး ရေနုတ်မြောင်း အရှည် ၆၅၅၀ ပေ၊ အကျယ် ၃ ပေ၊ အနက် ၄ ပေအား အုတ်စီ၊ ကွန်ကရစ်မြောင်းအဖုံးဖြင့် ဆောင်ရွက်လျှက်ရှိပြီး လူသွား ပလက်ဖောင်း ပါရှိမည်ဖြစ်ကြောင်း သိရသည်။
သန်လျင်မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများနှင့် မြို့တွင်းလမ်း များ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတို့အား စံချိန်စံညွှန်းအတိုင်း သတ်မှတ်ကာလ များအတွင်း ပြီးစီးရေးနှင့် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးတို့အတွက် သန်လျင် မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုးနှင့် စည်ပင်သာယာ ရေး အဖွဲ့ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သက်ခိုင် (သန်လျင်)