သုံးခွမြို့နယ် အ.ထ.က (၁)ကျောင်းရှေ့တွင် အရှည်ပေ ၇၀၀ ရှိ ရေနုတ်မြောင်းတူဖော်ခြင်းလုပ်ငန်းဆောင်ရွက်

သုံးခွ ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အမှတ် (၂)ရပ်ကွက် ပေါ်ဦးလမ်း အ.ထ.က(၁) ကျောင်းရှေ့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာ ကောင်းမွန် စေရန် အတွက် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိ​ကြောင်း သိရှိရ သည်။

အဆိုပါလုပ်ငန်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်၍ သီရိ(၃)လမ်းဆုံမှ မင်းရဲ ကျော်စွာလမ်းဆုံအထိ အ.ထ.က(၁) ကျောင်းရှေ့ ဝဲ/ယာနှစ်ဖက် အရှည်ပေ(၇၀၀)၊ ၂ ပေခွဲ အကျယ်၊ ၃ ပေအမြင့် မြောင်းဖုံးပါ အုတ်ရေမြောင်းအား စံချိန်စံညွှန်း ပြည့်မီစေ ရေးနှင့် သတ်မှတ်ရက် ပြီးစီးစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပါက ရေစီးရေလာကောင်းမွန်ပြီး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပလာမည်ဟု မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ နံနက်ပိုင်းက ပြောကြားခဲ့သည်။

စည်သူလင်း ပြန်/ဆက်