အမြို့မြို့အနယ်နယ်သတင်းများ

Jan 20,2021
မဟာအောင်မြေမြို့နယ် အတွင်းရှိ ရပ်ကွက်များတွင် တာဝန်ထမ်းဆောင်ရန်အတွက် ရပ်ကွက်အုပ်ချုပ် ရေးမှူး များ ရွေးချယ်ခြင်းလုပ်ငန်းများကို ရပ်ကွက်များအလိုက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ရပ်မိ ရပ်ဖများအား သိရှိစေရန် ယမန်နေ့ ညနေပိုင်းမှစတင်ကာ ကွင်းဆင်းအသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Jan 20,2021
ချင်းပြည်နယ်၊တီးတိန်မြို့၌ သန္ဓေမီး သတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး တီးတိန်မြို့ နယ်အတွင်း မီးဘေးလုံခြုံမှုရှိစေရန်ရည်ရွယ်၍ အသိပေး လှည့်လည်ဆော်သြခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 20,2021
ပဲခူးခရိုင်၊ ညောင်လေးပင်မြို့တွင် အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ သုံးသောင်းကျပ်စီကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်မှ တာဝန်ရှိသူများက ဘိုးဘွားများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Jan 20,2021
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှု ဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းပြီး မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့နံနက် ၁၀ နာရီက တီးတိန်မြို့ နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
Jan 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် တာလေမြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ နွေစပါးစိုက်ပျိုး ထုတ်လုပ်ရာတွင် စပါးအထွက်နှုန်း တိုးစေရန် (ဘာစမာတီ)စပါးမျိုးကို ဘောင်စနစ် အသုံးပြု၍ ဇကာပိုက်ဖြင့် ပျိုးထောင်စိုက်ပျိုးခြင်းနှင့် တောင်သူများအား (၁၀ တန်း ၁ တန်း) စနစ်ဖြင့် စိုက်ပျိုးခြင်းနှင့် တောင်သူအသိပညာပေးခြင်းကို ယနေ့တွင် ဆောင်ရွက်ခဲ့ သည်။
Jan 20,2021
ဖြူးမြို့ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် အသက် မွေးဝမ်းကျောင်းဆိုင်ရာ အထောက် အကူပြု စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ သင်တန်းအား ဦးကြူးစုကျေးရွာ၌ ယမန်နေ့ နံနက်(၁၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 20,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ မြို့ပေါ်ရပ်ကွက်များတွင်၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ခင်းကျင်းဆောင်ရွက်ထား သော ကွန်ကရစ်လမ်းများအား သတ်မှတ်ထားသောအရည်အသွေး ပြည့်မီမှု ရှိမရှိစစ်​ဆေးခြင်းကို ကြာအင်းဆိပ်ကြီးမြို့နယ် စာရင်းစစ်ဆေးရေးအဖွဲ့မှ ယ​နေ့ နံနက်၁၀နာရီအချိန်၌ တိုင်းတာ စစ်ဆေး ခဲ့ပါသည်။