အမြို့မြို့အနယ်နယ်သတင်းများ

Jan 22,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မုန်တိုင်ကျေးရွာတွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၄၆ သန်း ကျော်ဖြင့် ဆောင်ရွက် လျက်ရှိသည့် ကျေးလက် ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းအား အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေး တာဝန်ရှိသူ များက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရ သည်။
Jan 22,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်များ ရွေးချယ်ခန့်အပ် နိုင်ရေးအတွက် ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မနောရွှေပြည် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
Jan 22,2021
ပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေ ပြည်သူများ မီးဘေးသတိမူစေရန်နှင့် မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်သီဟ နှင့် မီးသတ် တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသို့ သွားရောက်ပြီး မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်း အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူး ရုံးအနေဖြင့် လာမည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်မည့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် အခက်အခဲ မရှိစေရေးအတွက် အိမ်ထောင်စုဇယား မိတ္တူစိစစ် ထုတ်ပေးခြင်းကို စီမံချက်ရေးဆွဲ၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပေါ့မိုင်းရပ်ကွက်နှင့် လွိုင်မြေ ရပ်ကွက်ရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။