အမြို့မြို့အနယ်နယ်သတင်းများ

Dec 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့ မြို့မဈေးမီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မဘိမ်းမြို့မဈေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Dec 29,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန( Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club  အဖွဲ့ဝင်များဖြင့် စာရေးဆရာ ကလောင်စုံရေးသားထားသော “လူငယ်နှင့်ဘဝတန်ဖိုး” စာအုပ် ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။             
Dec 29,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို) မြို့နယ် အဆင့် ဉာဏ်စမ်းပဋေဟိပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲအား ယမန်နေ့နံနက် ၁၀ နာရီအချိန် က ရသေ့တောင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 29,2021
လင်းခေးတွင် လယ်ယာမြေစွန့်ပစ်ပစ္စည်းများ အသုံးပြု၍ EM ဘိုကာရှီမြေဆွေး ပုံပြုလုပ် နည်းလက်တွေ့သရုပ်ပြခြင်းကို ယနေ့ နံနက် ၈ နာရီက လင်းခေးမြို့၊ တပ်နယ်စိုက်ကွင်း နေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Dec 29,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/သူများ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
Dec 29,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (ဒုတိအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၈း၃၀)နာရီမှ စတင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကြာနီကန် ရပ်ကွက်သာသနာ့ဗိမာန်နှင့် ဆေးထိုးစုရပ် အသီးသီးတွင် စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Dec 29,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီ ခရွန်ရောဂါ  ကြိုတင်ကာကွယ်ရေးကို  ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန်အတွက် မြန်မာ၊ ပိုးကရင် နှစ်ဘာ သာတို့ဖြင့် ယနေ့ နံနက် (၉)နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Dec 29,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ချောင်းကောက်ကျေးရွာတွင် ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ချောင်းကောက် ကျေးရွာရှိ ဒက္ခိဏာရုံဘုန်းတော်ကြီးကျောင်း၌ ဒေသခံ ကျေးရွာသူ၊ ကျောင်းသားများနှင့် တွေ့ဆုံ၍ အသိပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။