Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း Mask Campaign ဆောင်ရွက်
Jan 22,2021
ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်း ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေးအရေးယူခြင်း လုပ်ငန်းများ၊ အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ (၄၂) ရပ်ကွက်၊ ဗိုလ်မင်းရောင် စျေးတွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်း၍ Mask Campaign ပြုလုပ်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့မဈေးတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေး
Jan 22,2021
ပေါင်းတည်မြို့ စည်ပင်သာယာမြို့မဈေးကြီးအတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက စစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ ငလျင်ဘေးအန္တရာယ် သရုပ်ပြသလေ့ကျင့်ခြင်း အခမ်းအနားကျင်းပ
Jan 22,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင်မုဒုံမြို့နယ်တွင် ငလျင်ဘေးအန္တရာယ် သရုပ်ပြလေ့ကျင့်မှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့မ (၃) ရပ်ကွက် ပိန္နဲတိုက်ရပ်ရှိ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်း၌ ပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်မြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေးဆောင်ရွက်မည့်လုပ်ငန်းစဉ်များအကြောင်း အသိပညာပေးဆွေးနွေး
Jan 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၌ ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေနှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ရေး ဆောင်ရွက်မည့်လုပ်ငန်း စဉ်များအကြောင်း အသိပညာပေးဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက်အဘိုးဘွား ၉၁၇ ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာ ရောက် လိုက်လံပေးအပ်
Jan 22,2021
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် အတွက် အသက်(၈၅)နှစ် နှင့်အထက် အဘိုးဘွားများအား ထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ အိမ်တိုင်ရာ ရောက်လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လာရောက်ဖူးမြော် စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီတော်
Jan 22,2021
အခါတပါးက မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သုနာပရန္တတိုင်း ဝါဏိဇ္ဇဂါမရွာမှ မဟာပုဏ္ဏနှင့် စူဠပုဏ္ဏကုန်သည် ညီနောင်နှစ်ယောက်ရှိရာ အစ်ကိုဖြစ်သူ မဟာပုဏ္ဏ သူကြွယ် သားသည် လှည်းပေါင်းငါးရာနှင့် ကုန်လှည့်လည် ရောင်းဝယ်ရင်း မဇ္ဈိမဒေသ ကောသလတိုင်း သာဝတ္ထိပြည်သို့ ဆိုက်ရောက်ခဲ့လေသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူ၌ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ပွဲအဆင့်ဆင့် ပြုလုပ်နိုင်ရေးညှိနှိုင်းဆွေးနွေး
Jan 22,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ အသစ် ပြန်လည်ရွေးချယ် ရေး ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်ခန်းမ၌ ယမန်နေ့က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ် သပြေညိုပညာဒါန အကျိုးဆောင်အသင်းမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ပရဟိတလူမှု ကူညီရေးအသင်းများအား အလှူငွေကျပ် (၁၈)သိန်းလှူဒါန်း
Jan 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် “သပြေညို” ပညာဒါန အကျိုးဆောင် အသင်းမှ ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ပရဟိတလူမှု ကူညီရေးအသင်း (၆)သင်းတို့ကို အလှူငွေကျပ် စုစုပေါင်း(၁၈)သိန်း ပေးအပ် လှူဒါန်းပွဲကို ယမန်နေ့က အဆိုပါ သပြေညိုပညာဒါန အကျိုးဆောင်အသင်း အစည်းအဝေး ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းလမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23390
Page
23391
Page
23392
Page
23393
Current page
23394
Page
23395
Page
23396
Page
23397
Page
23398
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department