အမြို့မြို့အနယ်နယ်သတင်းများ

Jan 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ် မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးကော်မတီ၏ လမ်းညွှန်မှုအရ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးဘးကြိုတင်ကာကွယ် ရေးအတွက် ယမန်နေ့ ညနေ ၃နာရီက ပူးပေါင်းအဖွဲ့ဖြင့် မီးလောင်လွယ်သည့် လောင်စာဆီ (ဓာတ်ဆီ/ဒီဇယ်ဆီ)(လက်လီ/လက္ကား)အရောင်းဆိုင်များ နှင့် တရားမဝင်လောင်စာဆီအရောင်းဆိုင်များ အား လောင်းလုံး မြို့ပေါ်/ရပ်ကွက်တွင် အသိပညာပေး စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Jan 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပို အောင်စံပြကျေးရွာမှ သဖန်းကုန်းကျေးရွာဘက်သို့ တည်ဆောက်ထား သည့် ဥရုမြစ်ကူးကြိုးတံတားအား ကွန်ကရစ်တံတား အဆင့်မြှင့်တင် တည်ဆောက်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းကအဆို ပါနေတွင်ကျင်းပခဲ့ကြောင်းသိရသည်။
Jan 22,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီး အဘိုး အဘွားများနှင့် အသက်(၁၀၀)နှစ်ထက်အဘိုးအဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ ငွေများပေး အပ်ခြင်း ကို ယနေ့နံနက်(၁၀)နာရီက ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)ခန်းမတွင် ထောက်ပံ့ ပေးအပ် ခဲ့ကြောင်းသိရသည်။
Jan 22,2021
          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာအုပ်စု၊ မြောက် ကျောက်မိုင်းကျေးရွာရှိ အဝေရာ ရာမရန်ကင်းပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် အသက် (၁၀)နှစ်အောက်ကလေးငယ်များအား ယနေ့နံနက်(၁၁)နာရီက နို့အဟာရများ တိုက်ကျွေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
Jan 22,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်ရာတွင် ရွေးချယ်ရေး ဆိုင်ရာလုပ်ငန်း အဆင့်ဆင့်ကို ပြည်သူများသိရှိစေရန်နှင့် မှန်ကန်သောရွေးချယ်မှုများရရှိစေရန်အတွက် ယနေ့နံနက်၉ နာရီက ဒုမြို့နယ် အုပ်ချုပ် ရေးမှူး ဦးရဲထွန်းနောင်၊ မြို့နယ်ပညာရေးမှူး တာဝန်ခံ ဦးသန်းမြင့်၊ လျှပ်စစ်အင်ဂျင်နီယာ ဦးဇွဲကိုကိုနှင့် မြို့နယ်(ပြန်/ဆက်) ဦးစီးမှူး ဒေါ်မိသူဇာတို့ သည် (ရွာလွတ်၊ ကွမ်ရိုက်၊ တော်ကနာ)ကျေးရွာ၌ အသိပညာပေးဆွေးနွေးပွဲများ ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Jan 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းရှိ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၀-၂၀၂၁ (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီ ဇင်ဘာ) လများအတွက် လူမှုရေး ပင်စင် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Jan 22,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မဲဇလီရေ လွှဲဆည်ရေနှင့် မြေအောက်ရေကို စနစ်တကျ အသုံးချပြီး ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို နှစ်စဉ် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာတွင် ဈေးကောင်းရရှိသဖြင့် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ငှက်ပျောစိုက်ပျိုး တောင်သူများထံမှ သိရသည်။
Jan 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လှည်း‌ဆိပ်အုပ်စု၊ ရွှေဘုန်းမြင့်ကျောင်းတိုက် အတွင်း၌ ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ ၄ နာရီအချိန်က ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။