Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများနှင့် သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jan 22,2021
နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနမှ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်ရှိ ပြည်စံအောင်ဈေးအတွင်း၌ ဆေးဆိုင်များ နှင့် စားသောက်ကုန် အရောင်းဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများနှင့် သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေး ဆောင်ရွက်
Jan 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျေးလက်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်သူများ ပေါ့ဆနေမှုမရှိဘဲ Mask တပ်ဆင်အသုံးပြုရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယနေ့ နံနက်(၈)နာရီခွဲ အချိန်က အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေးအရှေ့နှင့် မြို့အဝင်ဆိပ်ကမ်း တို့၌ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ဖောင်ဒေးရှင်းမှ zoom application ဖြင့် အွန်လိုင်းဓမ္ပစကူးသင်ကြားနိုင်ရေး မိတ်ဆက်ဆွေးနွေး
Jan 22,2021
ကော့သောင်းမြို့နယ်လုံးဆိုင်ရာဓမ္မစကူးဖေါင်ဒေးရှင်းမှ မြို့နယ်အတွင်းရှိ ဓမ္ပစကူးကျောင်းသား ကျောင်းသူ များအား zoom application သုံးစွဲကာအွန်လိုင်းစနစ်ဖြင့် သင်ခန်းစာများပို့ချသင်ကြားပေးနိုင်ရေး applicationအသုံးပြုနည်းဆိုင်ရာ နည်းလမ်းများအားမိတ်ဆက်သည့်အစီအစဉ်အားယမန်နေ့မွန်းလွဲပိုင်း က ကော့သောင်းမြို့၊ နိဗ္ဗာန်အေးဘုန်းတော်ကြီး ကျောင်း တွင်ပြုလုပ်ရာ မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးဖေါင်ဒေးရှင်း အကျိုးတော်ဆောင်ဆရာတော် သံဃာတော်များ၊ သင်တန်းနည်းပြများတက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာကြစေရန် အသိပညာပေးခြင်းနှင့် အခမဲ့ဖြန့်ဝေပေးခြင်း ဆောင်ရွက်
Jan 22,2021
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် သာယာကုန်းကျေးရွာတွင် ဆောင်းသီးနှံမြေပဲ စံကွက်ရိတ်သိမ်း
Jan 22,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် သာယာကုန်းကျေးရွာအုပ်စု ဝါးခုတ်တောကျေးရွာတွင် စိုက်ပျိုးထားသော မြေပဲ စိုက်ခင်းအား စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်မြို့၌ Facility Quarantine ဝင်ရောက်သူ (၂၀)ဦး ကိုဗစ်- ၁၉ ရောဂါ ပိုးရှိမရှိစစ်ဆေးရာ ရောဂါပိုးမတွေ့ရှိ
Jan 22,2021
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့ မဲသမူး-မဲသမူးခီးကျေးရွာချင်းဆက်လမ်းပေါ်တွင် ပေ(၃၀)အရှည်ရှိ ကွန်ကရစ်တံတား တစ်စင်းတည်ဆောက်
Jan 22,2021
ကရင်ပြည်နယ်၊ ဘားဘံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းရွာသစ်မြို့ မဲသမူး-မဲသမူးခီးကျေးရွာ ချင်းဆက်လမ်းပေါ်တွင် ပေ(၃၀)အရှည်ရှိ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းကို ဇန်နဝါရီလ ပထမပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး
Jan 22,2021
နမ္မတူမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23391
Page
23392
Page
23393
Page
23394
Current page
23395
Page
23396
Page
23397
Page
23398
Page
23399
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department