အမြို့မြို့အနယ်နယ်သတင်းများ

Dec 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျေးရွာအုပ်စု (၈) အုပ်စုရှိ တောင်သူများအား ထုတ်ချေးပေးလျက်ရှိသည်။
Dec 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊‌ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့် လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
Dec 29,2021
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ အ.မ.ကမြန်မာစုကျောင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုအားကစားပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီမှ စတင်၍ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Dec 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေး လုပ်ငန်းများကို ဒီဇင်ဘာ ၂၈ ရက်က မြို့လယ်ကျောက်တိုင်နှင့် အသွားအလာများသည့် နေရာများတွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ၂၀၂၁-၂၀၂၂ခု (၆)လဘတ်ဂျက် အတွင်း တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေကျပ် သန်း(၃၅၀)ဖြင့် ကျေးရွာချင်းဆက်လမ်းများ ကောင်းမွန်စေရေးအတွက် လမ်းများအား မြေသား တာဘောင်တင်ခြင်း၊ ဂျင်းမြေခင်းခြင်း၊ တစ်ကြောင်း ထိုးလမ်းများ ဖောက်လုပ်ခြင်း၊ Box-Culvertများ တည်ဆောက်ခြင်းနှင့် ကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါဌာနက တာဝန်ရှိသူထံမှ သိရသည်။
Dec 29,2021
၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့အကြို မြို့နယ်အဆင့် စာစီစာကုံး ပြိုင်ပွဲအားမြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ခတ္တာဆောင်၌ ယနေ့နံနက် (၉) နာရီက ကျင်းပခဲ့ ကြောင်းသိရသည်။
Dec 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (Omicron) ရောဂါပိုးအကြောင်း ပြည်သူများသတိပြု သိရှိလိုက်နာစေရန် အတွက် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။