Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မော်လမြိုင်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင် အခြေခံပညာ ကျောင်းများသို့ ဖြန့်ဝေ
Dec 29,2021
၂၀၂၂ခုနှစ်၊ ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက မော်လမြိုင်မြို့၊ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေးနှင့်သက်ဆိုင်သည့် အကြောင်းအရာများ ဗဟုသုတ ရရှိစေရန် ဖြန့်ဝေ ပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် မီးလောင်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် မီးဘေး လုံခြုံရေးဆိုင်ရာထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး…
Dec 29,2021
မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် မီးလောင်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာထားရှိမှုအခြေအနေများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တောမကျေးရွာအတွင်းရှိနေအိမ်များကို တစ်အိမ်တက်ဆင်း စစ်ဆေးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာန မှသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (Omicrom) ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်
Dec 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (Omicrom) ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ၊ ရှမ်းဘာသာနှစ်မျိုးဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို ညောင်နီကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲဆောင်ရွက်
Dec 29,2021
ကရင်ပြည်နယ် ဘားအံမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲနှင့် စာအုပ်ပြပွဲကို ဘားအံခရိုင် (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အရအသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲနိုင်ရေး အသုံးစရိတ်စိစစ် သည့် အစည်း အဝေးတက်ရောက်၊ စည်ပင်သာယာရေးအဖွဲ့၏ မြို့ရွာသန့်ရှင်းသာ…
Dec 29,2021
ကရင်ပြည်နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲနိုင်ရေး အသုံးစရိတ်စိစစ် သည့် အစည်း အဝေးကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်အတွင်း ဆောင်းသီးနှံများဖြစ်ကြသည့် မြေပဲ၊ နှမ်း၊ ပဲပုပ် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Dec 29,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရွှေဂွန်းကျေးရွာ တိုက်နယ် အုပ်စု၌ ဆောင်းသီးနှံအဖြင့် မြေပဲ၊ နှမ်း၊ ပဲပုပ်စိုက် ခင်းများကို တောင်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလုပ်ကိုင်နေလျက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ခရိုင်တွင် လူငယ်များစဉ်းစားတွေးခေါ်မှု မြင့်မားစေရေး စစ်တုရင် သင်တန်း ဖွင့်လှစ်
Dec 29,2021
လူငယ်၊လူရွယ်များ ကာယ၊ဉာဏ စွမ်းရည်ပြည့်စုံပြီး စဉ်းစားတွေးခေါ်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၁၀ နာရီက မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စစ်တုရင်သင်တန်း ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့၌ ပေါ်ဦးပေါ်ဖျား ဒန့်ဒလွန်သီးများ ဈေးကောင်းရရှိသည့်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသူများအနေဖြင့် အဆင်ပြေ
Dec 29,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ယခုနှစ်တွင် ပေါ်ဦးပေါ်ဖျား ဒန့်ဒလွန်သီးများ ဈေးကောင်းရရှိသည့်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း အမှတ် (၂)ရပ်ကွက်ရှိ တောင်သူတစ်ဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23380
Page
23381
Page
23382
Page
23383
Current page
23384
Page
23385
Page
23386
Page
23387
Page
23388
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department