မော်လမြိုင် ဒီဇင်ဘာ ၂၉
လူငယ်၊လူရွယ်များ ကာယ၊ဉာဏ စွမ်းရည်ပြည့်စုံပြီး စဉ်းစားတွေးခေါ်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၁၀ နာရီက မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စစ်တုရင်သင်တန်း ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။
သင်တန်းတွင် မွန်ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ နည်းပြများက စစ်တုရင် ကစားရာတွင် အခြေခံ ကစားနည်း အဆင့်ဆင့်မှစ၍ သင်ကြားပေးပြီး သင်တန်းသားများက သိရှိလိုသည့်အချက်များ မေးမြန်းဆွေးနွေးရာ တွင်လည်း ပြန်လည်ရှင်းလင်းပေးသည်။
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် အဆိုပါသင်တန်းများ ဖွင့်လှစ်ပေးခြင်းအားဖြင့် မျိုးဆက်သစ် လူငယ်၊လူရွယ်များ စဉ်းစားတွေးခေါ်မှု ဉာဏ်ရည် ဉာဏ်သွေးကို တိုးတက်ဖွံ့ဖြိုးစေခြင်းအပြင် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကိုများစွာ အထောက်အကူပြုစေသည့် အားကစားနည်း တစ်မျိုးဖြစ်သည့်အတွက် ဖွင့်လှစ် သင်ကြားပေးခြင်း ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)