မော်လမြိုင်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင် အခြေခံပညာ ကျောင်းများသို့ ဖြန့်ဝေ

မော်လမြိုင် ဒီဇင်ဘာ ၂၉

၂၀၂၂ခုနှစ်၊  ဇန်နဝါရီ()ရက်နေ့တွင်  ကျရောက်မည့်  (၇၄)နှစ်မြောက်     လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို  ယနေ့နံနက် ၁၀ နာရီက    မော်လမြိုင်မြို့၊ အမှတ်()အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေးနှင့်သက်ဆိုင်သည့် အကြောင်းအရာများ ဗဟုသုတ ရရှိစေရန် ဖြန့်ဝေ ပေးကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ယနေ့ခေတ် ကျောင်းသား၊ ကျောင်းသူ လူငယ်၊လူရွယ်များ သိထားသင့်သည့် မြန်မာ့လွတ်လပ်ရေးကာလ တစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်()ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း ၏ အလယ်ပစ္စယံညီလာခံ၌ ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ()လပြည့်  နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍   ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ လွတ်လပ်ရေးနှင့်ဆိုင်သည့်  ကဗျာ၊   ဆောင်ပုဒ်များနှင့် ကာတွန်း တို့ကို ဝေဝေဆာဆာ ထည့်သွင်းဖော်ပြထားသည်။

မော်လမြိုင်ခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ  အသိပညာပေး လက်ကမ်း စာစောင်များကို အခြေခံပညာ ကျောင်းများတွင် ဖြန့်ဝေပေးခြင်းသည် ကျောင်းသား၊ ကျောင်းသူများ အားရရှိပြီးသော လွတ်လပ်ရေး အမွေအနှစ်ကို ထိန်းသိမ်း ကာကွယ်လိုစိတ်နှင့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်နိုးကြားစေလိုသော ရည်ရွယ်ချက်များဖြင့် ဖြန့်ဝေပေးခြင်းဖြစ်ပြီးအလားတူလူထုအခြေပြုဗဟိုဌာနတွင်လည်း အွန်လိုင်းအသိပညာပေး  လုပ်ငန်းများကို  စဉ်ဆက်မပြတ်   ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)