မိုးမိတ် ဒီဇင်ဘာ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (Omicrom) ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ၊ ရှမ်းဘာသာနှစ်မျိုးဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို ညောင်နီကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိ ပညာပေးနှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အခြေခံစည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ ရောဂါပိုးရှိသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက် မကွက် ဆေးကုသမှုခံယူကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုကို အမြန်ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ရေးလုပ်ငန်းစဉ်များကို ဒေသခံတိုင်းရင်းသား မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာပြီး ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (Omicrom) များ ဝင်ရောက်ကူးစက်မှု မရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးအသိ၊ သတိများရရှိစေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက်လျက်ရှိပြီး လက်ရှိကာလတွင် မိုးမိတ်မြို့နယ် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ၍ ဆေးကုသမှုခံယူသူမရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
စည်သူဌေး (ခရိုင်ပြန်/ဆက်)